သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
Would you like to react to this message? Create an account in a few clicks or log in to continue.

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ

ကျွန်တော့်ဖိုရမ် address လေးမေ့သွားခဲ့ရင် google မှာ အောင်ကျော်နှင့်သူငယ်ချင်းများ လို့ရိုက်ထည့်လိုက်ပါ
 
HomePortalGallerySearchLatest imagesRegisterLog in

 

 အခွန်ကောက်ခံခြင်းများကို အွန်လိုင်းဘီလ်စနစ်ဖြင့်ဆောင်ရွက်လာဖွယ်ရှိ

Go down 
AuthorMessage
nyeinko




Posts : 68
ရမှတ် : 447
Join date : 2011-07-31
Age : 29
နေရပ် : pathein

အခွန်ကောက်ခံခြင်းများကို  အွန်လိုင်းဘီလ်စနစ်ဖြင့်ဆောင်ရွက်လာဖွယ်ရှိ Empty
PostSubject: အခွန်ကောက်ခံခြင်းများကို အွန်လိုင်းဘီလ်စနစ်ဖြင့်ဆောင်ရွက်လာဖွယ်ရှိ   အခွန်ကောက်ခံခြင်းများကို  အွန်လိုင်းဘီလ်စနစ်ဖြင့်ဆောင်ရွက်လာဖွယ်ရှိ Icon_minitimeSun Aug 07, 2011 1:27 pm



ရတနာပုံတယ်လီပို့ကုမ္ပဏီသည် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေနိုင်သော စနစ်သစ်တစ်ခုကို ဇူလိုင်လအတွင်း အကော်အထည်ဖော်ဆောင်နိုင်ခဲ့ကြောင်း အဆိုပါစနစ်သစ်ကို တယ်လီဖုန်းလိုင်းများ ဘီလ်ပေးဆောင်နိုင်ရန်အတွက် စတင်အသုံးပြုသွားမည်ဖြစ်ပြီး အခြားသောဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ အခွန်အခကောက်ခံခြင်းများကိုလည်း အွန်လိုင်းအဖြစ် ပြောင်းလဲသုံးစွဲလာနိုင်မည်ဖြစ်ကြောင်းသိရသည်။ "တယ်လီဖုန်းပြောဆိုမှု ငွေပေးချေခြင်းသာမကပါဘူး။ အခြားသော ၀န်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေရဲ့ အခွန်အခကောက်ခံခြင်းတွေကိုလည်း အွန်လိုင်း Billing စနစ်နဲ့ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာ - လျှပ်စစ်မီတာခတွေ၊ ရေမီတာခတွေ ပေးဆောင်ခြင်းမျိုးပါ" ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းကပြောသည်။ လာဘ်ပေးလာဘ်ယူများ ပပျောက်လာစေရန်နှင့် အချိန်ကုန်၊ ငွေကုန်မှုများ သက်သာလာစေရန်ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် ဘီလ်ပေးဆောင်နိုင်သော စနစ်သစ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် တယ်လီဖုန်းဘီလ်များ ပေးဆောင်နိုင်ခြင်းသည် e-Government လုပ်ငန်းစဉ်များ၌ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေကြောင်း ဦးတင်ဝင်းကဆိုသည်။ အွန်လိုင်းမှ တယ်လီဖုန်းဘီလ်ပေးဆောင်နိုင်ခြင်း စနစ်သစ်အား ယခုလ ၂၇ ရက်နေ့မှစတင်အသုံးပြုနိုင်ခဲ့ကြောင်း၊ အွန်လိုင်းမှ တယ်လီဖုန်းဘီလ်ပေးဆောင်လိုပါက AGD နှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် အွန်လိုင်းဘဏ်အကောင့်များကို ဦးစွာဖွင့်လှစ်ထားရမည်ဖြစ်ပြီး အမျိုးသားအဆင့် ရတနာပုံဝက်ဘ်ပေါ်တယ်တွင် သွားရောက်ပေးဆောင်ရမည်ဖြစ်သည်ဟု သိရသည်။ အွန်လိုင်းဘီလ်စနစ်သစ်ဖြင့် တယ်လီဖုန်းဘီလ်သာမက အခြားသောအခွန်အခများကို ပေးဆောင်လာနိုင်ပါက အွန်လိုင်းဘီလ်စနစ်ကို စိတ်ဝင်စားသူ ပိုမိုများပြားလာနိုင်သော်လည်း သုံးစွဲသူများအတွက် မြန်ဆန်မှုနှင့် ယုံကြည်စိတ်ချမှုများရှိလာမှသာ အောင်မြင်မှုများရရှိလာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူအချို့က သုံးသပ်ပြောကြားသည်



ရေးသားသူ - မြင့်ကျော်လှိုင်


[You must be registered and logged in to see this image.]
Back to top Go down
 
အခွန်ကောက်ခံခြင်းများကို အွန်လိုင်းဘီလ်စနစ်ဖြင့်ဆောင်ရွက်လာဖွယ်ရှိ
Back to top 
Page 1 of 1
 Similar topics
-
» Gmail တွင် မှားယွင်းဖျက်မိသည့် contact များကို ပြန်လည်ရယူခြင်း

Permissions in this forum:You cannot reply to topics in this forum
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ :: သတင်းများ :: မြန်မာပြည်သတင်းများ-
Jump to: