သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
Would you like to react to this message? Create an account in a few clicks or log in to continue.

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ

ကျွန်တော့်ဖိုရမ် address လေးမေ့သွားခဲ့ရင် google မှာ အောင်ကျော်နှင့်သူငယ်ချင်းများ လို့ရိုက်ထည့်လိုက်ပါ
 
HomePortalGallerySearchLatest imagesRegisterLog in

 

 Router အသုံးပြုပုံနှင့် Static & Dynamic Router တွေအကြောင်း

Go down 
AuthorMessage
Admin
Admin
Admin


Posts : 64
ရမှတ် : 622
Join date : 2011-07-29
Age : 30
နေရပ် : ဗီးနပ်စ်ရွာ ၊ စေတန်မြို့ ၊ ဂျူပီတာနိုင်ငံ

Router အသုံးပြုပုံနှင့် Static & Dynamic Router တွေအကြောင်း Empty
PostSubject: Router အသုံးပြုပုံနှင့် Static & Dynamic Router တွေအကြောင်း   Router အသုံးပြုပုံနှင့် Static & Dynamic Router တွေအကြောင်း Icon_minitimeThu Aug 18, 2011 6:52 pm

Router တွေ ဆိုတာကတော့

Network သမားတွေ၊ Network ကို လေ့လာချင်သူတွေ၊ အဆင့်မြင့်ကွန်ယက်ချိတ်ဆက်ဖို့အတွက် လိုအပ်သော မသိမဖြစ်

သိထားရမယ့် အရေးပါတဲ့ အချက်တစ်ခု ဖြစ်တယ်။ Router ဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်လို အလုပ်လုပ်သလဲ။ ဘယ်လိုမျိုး

အားသာချက်တွေရှိသလဲဆိုတာတွေကိုပါ သိထားရမှာ ဖြစ်တယ်။ ဒီတော့ အခုပြောမယ့်အကြောင်းတွေကို သေချာဖတ်ပါ။

Router တွေဆိုတာ ကွန်ပျူတာတွေ (Network) ကွန်ယက်ချိတ်ဆက်ရာမှာ အသုံးပြုသောကိရိယာ တစ်ခုဖြစ်တယ်။

တကယ်တော့ Router တွေဆိုတာ Network တွေကိုတစ်ခုတည်းကနေပြီးတော့ Network တွေ ပွားများလာအောင်

ချဲ့ထွင်ဖို့အတွက် ပြုလုပ်ထားသော Network Device တစ်ခု ဖြစ်တယ်။ အဆင့်လည်း မြင့်တယ်။ ဘယ်လိုမျိုး

အသုံးပြုရတာလဲဆိုတော့ ဒီ Router တွေဟာ Network ကွန်ယက်နှစ်ခု သီးသန့်ရှိနေတာကို တစ်ခုတည်းဖြစ်အောင်

ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် အသုံးပြုရန် ပညာရှင်တွေက ထုတ်လုပ်ထားသော အဆင့်မြင့် ဒီဇိုင်းပစ္စည်း

တစ်ခုပါပဲ။ သီးခြားစီရှိနေတဲ့ ကွန်ယက် Network နှစ်ခုကို ချိတ်ဆက်ပေးလိုက်တယ်ဆိုတာက ဥပမာ Ethernet Network

နှင့် FDDI Network တို့ဖြစ်တဲ့ Network ကွန်ယက်နှစ်ခုကိုတစ်ခုတည်းဖြစ်သွားအောင် ချိတ်ဆက်အသုံးပြုချင်တယ်ဆိုရင်

ဒီ Router ကို အသုံးပြုပြီးတော့ ချိတ်ဆက်မှရမှာ ဖြစ်တယ်။ Router ကို အသုံးမပြုရင်တော့ ချိတ်ဆက်အသုံးပြုလို့

ရချင်မှရနိုင်မယ်ပေါ့။

အဲ့ဒီလိုမျိုး Router ကို အသုံးပြုပြီးတော့ ပုံစံမတူတဲ့ Ethernet Network နှင့် FDDI Network တို့ကို

ချိတ်ဆက်လိုက်မယ်ဆိုရင် ဒီ Network နှစ်ခုကို အသုံးပြုနေလျက်ရှိသောအသုံးပြုသူတွေဟာ ဒီ Ethernet Network နှင့်

FDDI Network တို့ဆီမှ Resources တွေကို ခေါ်ယူ အသုံးပြုနိုင်မှာ ဖြစ်တယ်။ ဒီလို ကွဲပြားတဲ့ Network

ကွန်ယက်နှစ်ခုကို Router အသုံးပြုပြီးတော့ ချိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် Network နှစ်ခုဆီက Resources တွေကို

အသုံးပြုလို့ရနေတာကိုပဲ Internetwork လို့ခေါ်တာ ဖြစ်တယ်။ ထပ်ပြီး ရှင်းအောင်ပြောရရင်တော့ ဒီ Ethernet Network

နှင့် FDDI Network တို့ဟာ သီးခြားစီရှိသော Function တွေနှင့် သီးသန့်စီ အလုပ်လုပ်နေကြတယ် ဆိုပေမယ့် ဒီ Router

ကို အသုံးပြုပြီးတော့ ချိတ်ဆက်လိုက်တဲ့အတွက်ကြောင့် အဲ့ဒီ Network နှစ်ခုကြားမှာ ရှိနေသော Data တွေ၊

အချက်အလက်တွေကို ချိတ်ဆက် ဖလှယ်ခြင်းတွေကို လုပ်ဆောင်နိုင်တာပေါ့။ ဒီ Internetwork ကို အကောင်းဆုံး

နားလည်နိုင်ဖို့အတွက် ဥပမာပေးပြီးပြောရရင်ဖြင့် အခုလက်ရှိ အင်မတန်မှကို ပေါ်ပြူလာဖြစ်နေသော၊ လူတွေ

အသုံးများနေသော Internet ပဲ ဖြစ်တယ်။ အင်တာနက်ဟာဆိုရင် Internetwork ပဲ ဖြစ်တယ်။ Network

ကွန်ယက်သေးသေးလေးတွေကအစ ချိတ်ဆက်အသုံးပြုထားတဲ့အတွက် လူတွေလိုအပ်သမျှသော အချက်အလက်တွေ၊

Data တွေ မှန်သမျှကို ရှာဖွေယူလို့ရနေတာ ဖြစ်ပါတယ်။

Router တွေကို TCP/IP Protocol Suit ကို အသုံးပြုသော Interntwork ကွန်ယက်ကြီးတွေမှာ အများအားဖြင့်

အသုံးပြုများ ကြပါတယ်။ Router တွေဟာ အလုပ်လုပ်တဲ့အခါမှာ Network ကွန်ယက်တွေရဲ့ကြား Packet တွေကို

ပို့ဆောင်ရာမှာ Network Layer ဖြစ်တဲ့ Open Systems Interconnection (OSI) Layer တွေထဲက Layer 3 နှင့်

အလုပ်လုပ်တာ ဖြစ်တယ်။ ဘာဖြစ်လို့ ဒီ Layer 3 ကိုပဲ အသုံးပြုတာလဲဆိုတော့ ဒီ Router တွေဟာ Bridge တွေထက်

ပိုပြီးတော့ အဆင့်မြင့်သော OSI Layer တွေနှင့်ပဲ အလုပ်လုပ်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ဘာလို့

အဲ့လိုဖြစ်တာလဲဆိုတော့ Router တွေဟာ Packet တစ်ခုကို ပို့ပေးရတဲ့အခါမှာ အဲ့ဒီ Packet ရဲ့ လိပ်စာ MAC Address

ကိုပဲ ကြည့်ပြီးတော့ ပို့ပေးရတာ မဟုတ်ပါဘူး။ အဲ့ဒီ Packet လေးသွားရမယ့်နေရာဖြစ်တဲ့ Destination Address ကိုပါ

သိရမှာ ဖြစ်တယ်။ ပြောရရင် Router တွေဟာ Packet လေးတစ်ခုကို ပို့မယ်ဆိုရင် အဲ့ဒီ Packet လေးရဲ့ လိပ်စာအပြင် အဲ့ဒီ

Packet လေးဟာဘယ်ကိုသွားမလဲဆိုတဲ့ Destination Address ကို ရှာရတာဖြစ်တယ်။ နောက်ပြီးတော့ Router ဟာ

Packet တွေကို Route တဲ့ နေရာမှာရော၊ Data တွေကို Process လုပ်တဲ့ နေရာမှာရော၊ အချက်အလက်တွေကို Filter

စစ်ထုတ်ပေးတဲ့နေရာမှာရော ပိုပြီးတော့ Performance ကောင်းကောင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ပြောရရင်တော့ Router

တွေဟာ Bridge တွေထက် ပိုပြီးတော့သာတာပေါ့။

ပိုပြီးနားလည်အောင် Router တွေရဲ့ အားသာတဲ့ အချက်တွေကို တစ်ချက်ချင်းစီ ပြောပြမယ်။

• Router တွေဟာ ချိတ်ဆက်သော Network တွေ များပြားလာတာနဲ့အမျှ Network တစ်ခုလုံးမှာ Data ပို့မယ့်

လမ်းကြောင်းတွေဟာ များပြားလာပြီးတော့ Fault Tolerance တွေလည်း ပံ့ပိုးပေးလာနိုင်ပါတယ်။

• နောက်ပြီးတော့ Router ဟာ Bridge တွေထက်သာတာက Data တွေကို ပို့ဖို့အတွက် လမ်းကြောင်းတွေကို

အများကြီး ရှာနိုင်ပါတယ်။ ပြောရမယ်ဆိုရင် အချက်အလက်တွေကို ပို့တဲ့နေရာမှာ Router တွေမှာ လမ်းကြောင်းတွေ

အများကြီးနှင့်ပို့တာ ဖြစ်တယ်။ ဒီလမ်းကြောင်းမရရင် နောက်တစ်လမ်းကနေပို့လို့ရ အောင် လမ်းကြောင်းကို Route မှာ

ဖြစ်တယ်။

• နောက်တစ်ခုကကျတော့ Router တွေဟာ Network Segment တွေ အများကြီးကို ချိတ်ဆက်ပေးနိုင်ပါတယ်။ Data

တွေအတွက် Traffic လမ်းကြောင်းတွေကိုလည်း စိစစ်ပေးနိုင်တယ်။ ပြောရရင်တော့ ဒီ Packet တစ်ခုကို

တစ်နေရာလွှတ်ပြီးရင် နောက် Packet တစ်ခုကိုကျတော့ နောက်တစ်နေရာကို ထပ်လွှတ်ပေးနိုင်ခြင်းတို့ ဖြစ်တယ်။

• ဒီ Router တွေကို အသုံးပြုရာမှာ နောက်ထပ် အားသာချက်တစ်ခုကတော့ အလွန်ရှုပ်ထွေးသော Network

ကွန်ယက်တွေကို တပ်ဆင်ရာမှာ သို့မဟုတ် ချိတ်ဆက်ရာမှာ အသုံးပြုနိုင်ခြင်းပဲ ဖြစ်တယ်။ Network Segment

တစ်ခုချင်းစီကို Subnetwork သို့မဟုတ် Subnet လို့ ခေါ်ပါတယ်။ အဲ့ဒီ Subnet တိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် Network

Address လိပ်စာ ကိုယ်စီရှိကြပါတယ်။ နောက်ပြီး Subnet တစ်ခုချင်းစီမှာ Nodes တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ Node

တိုင်းမှာလည်း ကိုယ်ပိုင်လိပ်စာတွေဖြစ်တဲ့ Address တွေ ကိုယ်စီရှိကြပါတယ်။ ဘယ်လောက်ပဲ ရှုပ်ထွေးသော Network

ကွန်ယက်ကြီးပဲ ဖြစ်ပါစေ၊ Network Address တွေ၊ Host/Node Address တွေ ဘယ်လောက်ပဲများပါစေ၊ ဒီ Router ဟာ

ရှိနေသော Network Address တွေ၊ Host/Node Address တွေအတိုင်း မရရအောင်ကို ပေးပို့ရမယ့် Packet တွေကို

လိုက်ပြီးတော့ ပို့ပေးပါတယ်။ ဆိုလိုတာက Router တွေဟာ ဘယ်နေရာပဲဖြစ်ဖြစ် ရှိနေတဲ့ Network Address နှင့် Host/

Node Address တွေကိုပေါင်းပြီးတော့ Network ထဲမှာရှိတဲ့ ဘယ်နေရာပဲဖြစ်ဖြစ် ပို့ပေးရမယ့်နေရာကိုရောက်အောင်

ပို့ပေးနိုင်ပါတယ်။

• ဒါ့အပြင် Router တွေဟာ Data Packet တွေကို ပို့တဲ့အခါမှာ ဘယ်လမ်းကြောင်းကနေပို့ရင် ဘယ်လိုကောင်းတယ်၊

မြန်စေတယ်ဆိုတာကိုသော် လည်းကောင်း၊ ဘယ် Router ကိုအသုံးပြုရမလဲဆိုတာကိုသော် လည်းကောင်း

ရွေးချယ်တတ်ပါတယ်။ ဒါကြောင့် Router တွေဟာ သူ့ဆီကို Data Packet တွေ ရောက်လာပြီဆိုရင် ဒီ Packet ကို

အမြန်ရောက်အောင်ဘယ်လမ်းကြောင်းကနေမှ ပို့လိုက်မယ်ဆိုတာမျိုး ရှိပါတယ်။

• ဒါပေမယ့် Router တွေဟာ သူ့ဆီကို လာတဲ့ Packet တွေကို Network Address မသိရင်ပဲ ဖြစ်စေ၊ ဒါမမဟုတ် အဲ့ဒီ

Packet ရဲ့ Destination Address ကိုသော် လည်းကောင်း မသိနိုင်တဲ့၊ အတိအကျမပါလာတဲ့ Packet မျိုးဆိုရင်တော့

Router ဟာ လုံးဝကို ပို့မပေးဘဲနှင့် ပယ်ဖျက်ပစ်တတ်ပါတယ်။

Router တွေမှာ Routing Table လို့ခေါ်တဲ့ အချက်အလက်တွေပါရှိတဲ့ Table တစ်ခု ရှိပါတယ်။ အဲ့ဒီ Routing Table

မှာ Packet တွေနှင့် ပတ်သက်သော Network Address တွေ၊ Packet တွေပို့ဖို့အတွက် Internetwork တစ်ခုလုံးမှာ

ရှိသော ဖြစ်နိုင်သမျှသော Path လမ်းကြောင်းတွေရှိတာ ဖြစ်တယ်။ Router တွေဟာ Packet တွေကို ပို့ဆောင်ရန်အတွက်

Routing Table မှာ ရှိသောဖြစ်နိုင်သမျှသော Path လမ်းကြောင်းတွေကို ကြည့်ပြီးတော့ Packet တွေကို ပို့တာဖြစ်တယ်။

နောက်တစ်ခုက Router တွေဟာ Packet တွေကို ပို့ပေးတဲ့အခါမှာ ၄င်း Router တွေရဲ့ Destination Address တွေကို

ကြည့်ပြီးတော့ အလုပ်လုပ်တာ ဖြစ်တယ်။ နောက်ပြီးတော့ Router တွေဟာ Packet တွေကို ပို့တဲ့အခါမှာ အဲ့ဒီ Packet

တွေရဲ့ Network Address ကို အတိအကျသိမှ ပို့ပေးတာဖြစ်တယ်။ ဒါကြောင့် Packet တစ်ခုကို ကြည့်လိုက်လို့ အဲ့ဒီ

Packet မှာ Network Address က အတိအကျပါမလာဘူးဆိုရင် ပို့ပေးမှာ မဟုတ်ပါဘူး။ Packet တွေရဲ့ Network

Address တွေပါပြီးတော့ ပို့ပေးရမယ့် Destination Address မပါဘူးဆိုရင်လည်း ပို့မပေးပါဘူး။

Router တွေဟာ Data အချက်အလက်တွေကို ပို့ပေးတဲ့အခါမှာ Router တွေရဲ့ Packet တွေကို ပို့ပေးတဲ့ပုံစံကို

ပြောပြမယ်။ Internetwork ဆိုတာ ကွန်ယက်သေးသေးတွေရော၊ကြီးကြီးတွေရော ပေါင်းစပ်ပြီးတော့ ဖြစ်လာတာဆိုတော့

တခါတရံ အရမ်းကို ရှုပ်ထွေးသော ကွန်ယက်တစ်ခုဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုမျိုး ရှုပ်ထွေးသော ကွန်ယက်တွေမှာ Packet

လေးတစ်ခုကို သူသွားမယ့်နေရာ ရောက်အောင် ပို့ပေးဖို့ရာ သိပ်ကို လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ဒီတော့ Router

တွေဟာ သူတို့ဆီကို Packet တစ်ခု ရောက်လာပြီဆိုရင် အဲ့ဒီ Packet ကို ဘယ်နေရာကိုပို့ပေးရမလဲဆိုတာကို သိဖို့အတွက်

ကြည့်လိုက်ပါတယ်။ Network Address ကို ကြည့်တာ ဖြစ်တယ်။ Network Address ကို Routing Table မှာ

ကြည့်တာ ဖြစ်တယ်။ သိပြီဆိုမှ ၄င်း Packet ကိုပြန်ထုတ်ပိုးလိုက်ပြီးတော့ ပို့ပေးရမယ့်နေရာကို သွားရောက်ပြီးတော့

ပို့တာဖြစ်တယ်။ Router တွေဟာ Bridge တွေထက်တော့ မတူညီတဲ့ Network နည်းပညာမှာ Packet တွေကို

ပို့တဲ့အခါမှာပိုလွယ်ကူပါတယ်။ ဥပမာပြောရရင် တကယ်လို့ Router တစ်ခုဟာ Token Ring Network တစ်ခုကနေမှ

Ethernet Network တစ်ခုဆီကို Data Packet တွေ ပို့ပေးရတော့မယ်ဆိုလျင် အဲ့ဒီ Token Ring Network ကနေလာတဲ့

Data Packet ကို Ethernet Network ဆီကို ပို့ဖို့အတွက် အဲ့ဒီ Packet လေးကို Token Ring Network ပုံစံ

ဖြစ်နေတဲ့အတွက်ကြောင့် အရင်ဖြည့်လိုက်ပါတယ်။ ပြီးတော့မှ Ethernet Network Frame ပုံစံအတိုင်း ပြန်ပြီးတော့

ထုတ်ပိုးလိုက်ပြီးတဲ့အခါကျတော့မှ ပို့ပေးရမယ့်နေရာကို အရောက်ပို့တာ ဖြစ်တယ်။ Packet တစ်ခုကို ကြည့်လိုက်။ ဘယ်

Network ကလည်းဆိုတာ ကြည့်လိုက်။ နောက်ပြီး အဲ့ဒီ Packet ကို ပို့ပေးရမယ့် လိပ်စာ Network Address ကို MAC

Address မှာ ကြည့်တယ်။ ပြီးရင် ပို့ပေးတယ်။ ဒီလိုမျိုးလုပ်တာဟာ အမှန်တော့ Network Traffice ကို လေးစေပါတယ်။

Network ရဲ့ Speed ကို ကျသွားစေပါတယ်။ ဘာဖြစ်လို့ Network Speed ကို ကျသွားစေတာလဲ၊ Network Traffic ကို

လေးစေတာလဲ ဆိုတာကို ပြောပြမယ်။ ဒါကချိတ်ဆက်တဲ့ ကွန်ယက် Network တွေရဲ့ မတူညီတဲ့ Frame Size ကြောင့်ပါ။

ဥပမာနေနဲ့ ပြောရရင် Ethernet Network Frame Size ဟာ အနီးစပ်ဆုံး ပြောရရင်တော့ 1500 Bytes အထိသာ

ရှိပါတယ်။ ဒါပေမယ့် Token Ring Network Frame Size ကျတော့ 4000 Bytes ကနေမှ 18000 Bytes အထိ

ရှိကြပါတယ်။ ဒီတော့ 4000 Bytes ကနေမှ 18000 Bytes အထိ ရှိသော Ethernet Network ကနေ ပို့လိုက်သော

Data Packet တွေကို Token Ring Network ဆီကို ပို့ပေးမှာဆိုတော့ ဒီအတိုင်းပို့လို့မရဘူး။ Ethernet Network

Frame Size အတိုင်း ပို့ပေးရမှာဆိုတော့ Frame Size ကို ထပ်ပြောင်းပေးရတယ်။ ဒီတော့ 4000 Bytes ကနေမှ 18000

Bytes အထိရှိသော Token Ring Network Frame Size ကို 1500 Byte ရှိသော Ethernet Network Frame Size

အဖြစ်ပြန်ပြောင်းပေးရမှာ ဖြစ်တယ်။ ဒီတော့ Router ဟာ Ethernet Network Frame 12 ခုတောင် ပြုလုပ်ပေးရပါတယ်။

အဲ့တော့ Network ရဲ့ Speed က လေးပြီပေါ့။

Router တွေမှာ သူတို့ကိုယ်တိုင် ပြုလုပ်ထားသော Routing Table ဆိုတာ ရှိပါတယ်။ အဲ့ဒီ Routing Table မှာ

ဘာတွေရှိလဲဆိုတော့ Packet တွေရဲ့ Network Address တွေ၊ နောက်ပြီးအဲ့ဒီ Network မှာ ရှိနေသော Router တွေရဲ့

Address တွေ ရှိပါတယ်။

Router မှာ Routing Table ပြုလုပ်ပုံပေါ် မူတည်ပြီးတော့ Router အမျိုးအစား(၂)မျိုး ရှိကြပါတယ်။ အဲ့ဒီ (၂)

မျိုးကတော့-

• Static Routing နှင့်

• Dynamic Routing တို့ ဖြစ်ကြပါတယ်။



Static Router

Static Router ကို အသုံးပြုသော Router မှာဆိုရင် သူ့မှာရှိသော Routing Table ကို Administrator ကနေမှ

Manully ကိုယ်တိုင်ကိုယ်ကျ Update လုပ်ပေးဖို့ လိုအပ်ပါတယ်။ Router ဟာအကယ်၍များ အတိုဆုံးနှင့် အထိရောက်ဆုံး

လမ်းကြောင်းကို မလိုအပ်သည့်တိုင်အောင် အမြဲတမ်းရည်ရွယ် ပို့နေကျ လမ်းကြောင်းအတိုင်းပဲ ပေးပို့ပါတယ်။ တကယ်လို့

Router ရဲ့ Table မှာပေးပို့ရမယ့် Packet ရဲ့ Network Address ပါသည့်တိုင်အောင် Destination မရှိခဲ့ရင် Router ဟာ

Packet ကို ပယ်ဖျက်ပစ်လိုက်ပါတယ်။



Dynamic Router

Dynamic Router ကို အသုံးပြုသော Router မှာဆိုရင် သူ့မှာရှိသော Routing Table ကို Static Routing မှာကဲ့သို့

Administrator ကနေမှ Manually လိုက်ပြီးတော့ Update လုပ်စရာမလိုပါဘူး။ သူ့ဘာသာသူ Routing Table ကို

Automatically အလိုအလျောက် Update လုပ်သွားတာ ဖြစ်တယ်။ ဒါပေမယ့် ပထမဦးဆုံးသော Router ကတော့

Routing Table ကို သူ့ဘာသာသူAdministrator ကနေမှ Configure သတ်မှတ်ပေးရပါတယ်။ ပထမဦးဆုံးသော Router

တစ်ခုတည်းပါပဲ။ ကျန်တဲ့ Dynamic Router တွေကတော့ သူအလိုအလျောက် Automatically အရ Update

လုပ်သွားမှာ ဖြစ်တယ်။ ဆိုလိုတာက Dynamic Routing ကို အသုံးပြုသော Router တွေကျတော့ Discovery Process

ဆိုတာကို အသုံးပြုပြီး ရှိနေတဲ့ Router တွေရဲ့ အချက်အလက်တွေကိုရှာဖွေပါတယ်။ Dynamic Router တွေဟာ

သူတို့အချင်းချင်း ဆက်သွယ်လို့ရတဲ့အပြင် အခြား Router တွေရဲ့ ရရှိလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့

Routing Table တွေကို Updateလုပ်နိုင်ပါတယ်။ အကယ်၍များ Network တစ်ခုမှာ Multiple Routers လမ်းကြောင်းတွေ

အများကြီးရှိခဲ့မယ်ဆိုင် Router ဟာ ဘယ်လမ်းကြောင်းက အကောင်းဆုံးလဲ ဆိုပြီးတော့ ဆုံးဖြတ်နိုင်ပါတယ်။

Router တွေရဲ့ အကောင်းဆုံးလမ်းကြောင်းဟာ ဘယ်လမ်းကြောင်းလဲလို့ ရွေးချယ်ရာမှာ နည်းလမ်း(၂)မျိုး ရှိပါတယ်။

ဒါတွေကတော့-

• Distance Vector Algorithm နှင့်

• Link-State Algorithm တို့ပဲ ဖြစ်ပါတယ်။

Distance Vector Algorithm

ဒီနည်းလမ်းကတော့ ကွန်ရက်နှစ်ခုအကြား ဆက်သွယ်သွားရမယ့်ခရီးမှာ ဖြတ်သွားရမယ့် Router အရေအတွက်ပေါ်

မူတည်ပြီးတော့ Costs in Host ကို တွက်ပါတယ်။ ဒီတော့လမ်းကြောင်းမှာ ဖြတ်သွားရမယ့် အနည်းဆုံး Hops ကို

ရွေးချယ်ပါတယ်။ ဒီ Distance Vector Routing Protocol ဟာ RIP ဆိုတဲ့ Routing Information Protocol ပဲ

ဖြစ်ပါတယ်။ ၄င်းကို TCP/IP ရော၊ IPX/SPX နှစ်ခုစလုံးမှာပါ အသုံးပြုကြပါတယ်။



Link-State Algorithm

ဒီနည်းလမ်းကတော့ Packet တစ်ခုအတွက် လမ်းကြောင်းမှာ အခြားသော အချက်အလက်တွေကိုပါ ထည့်သွင်း

စဉ်းစားလာပါတယ်။ ဘယ်လို အချက်အလက်တွေလဲဆိုတော့ Network Traffic, Connection Speed, Costs တွေကိုပါ

ထည့်သွင်း စဉ်းစာလာပါတယ်။ ဒီနည်းနဲ့ ဒီ Algorithm ကို အသုံးပြုတဲ့ Router အနေနဲ့ကတော့ ပိုပြီးတော့ Processing

Power လိုအပ်တာပေါ့။ ဒါပေမယ့် Packet တွေကို ထိထိရောက်ရောက် လိုရာကို ပေးပို့နိုင်တယ်လေ။ TCP/IP ရဲ့ Routing

Protocol ဖြစ်တဲ့ OSPF (Open Shortest Path First) ဟာ ဒီ Link-State Algorithm ကို အသုံးပြုပါတယ်။

Dynamic Router တွေဟာ Maintain လုပ်ရတာလည်း လွယ်ကူသလို Static Router တွေထက်စာရင်

ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကို ရွေးချယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Routing Table ကို Update လုပ်ရတာရယ်၊

နောက်ထပ် Network Traffic တွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်သွားလာနေတဲ့ Traffic အပြင် သူတို့ရဲ့ Discovery

လုပ်ဆောင်ဖို့ သွားလာမှုတွေ ရှိလာတယ်လို့ ပြောချင်တာပါ။ ဒီတော့ Data Traffic အပြင် သူတို့ Traffic တွေ

ရှိလာတာပေါ့။ Distance Vector Protocol ဖြစ်တဲ့ RIP လို Protocol ဆိုရင် ဘယ်လောက်တောင်လဲဆိုတာ သူ့ရဲ့

Routing Table တစ်ခုလုံးကြီးကို Network တစ်ခုလုံးဆီသို့ စက္ကန့်သုံးဆယ်ကြာတိုင်း ပို့လွှတ်နေပါတယ်။

အောက်မှာ Router ၏ အားနည်းချက်နှင့် အာသာချက်ကို ဖော်ပြပေးထားပါတယ်။

Protocol တိုင်းဟာ OSI Model ရဲ့ အလွှာတိုင်းမှာ အလုပ်လုပ်ကြတာ မဟုတ်ပါဘူး။ အဲ့ဒီ အထဲမှာမှ Router

လုပ်ပေးနိုင်သော Protocol ရှိသလို၊ Router လုပ်မပေးနိုင်သော Protocol များလည်း ရှိပါတယ်။ Router လုပ်ပေးနိုင်သော

Routable Protocol တွင် Network Layer Information များပါရှိပြီးတော့ Nonroutable Protocols မှာတော့ Network

Layer Information များမပါရှိပါဘူး။



Routable Protocol တွေကတော့-
• TCP/IP

• IPX/SPX

• DECNet

• OSI

• DDP (Apple Talk)

• XNS တို့ ဖြစ်ကြပါတယ်။



Nonroutable Protocol တွေကတော့-

• NetBEUI

• DLC (HP Printers နှင့် IBM Mainframe) တွေမှာအသုံးပြုသည်။

• LAT (Local Area Transport၊ DEC netwoking ရဲ့ အစိတ်အပိုင်း) တို့ ဖြစ်ကြပါတယ်။
Back to top Go down
http://aungkyaw1994.freeforums.biz
 
Router အသုံးပြုပုံနှင့် Static & Dynamic Router တွေအကြောင်း
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ :: It နည်းပညာနဲ့ပက်သက်တာလေးတွေပါ :: Network အကြောင်း-
Jump to: