သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
Would you like to react to this message? Create an account in a few clicks or log in to continue.

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ

ကျွန်တော့်ဖိုရမ် address လေးမေ့သွားခဲ့ရင် google မှာ အောင်ကျော်နှင့်သူငယ်ချင်းများ လို့ရိုက်ထည့်လိုက်ပါ
 
HomePortalGallerySearchLatest imagesRegisterLog in

 

 ဆေးလိပ်ဆိုသည်မှာ....................

Go down 
AuthorMessage
သာထက်အောင်

သာထက်အောင်


Posts : 8
ရမှတ် : 66
Join date : 2011-07-30
Age : 30
နေရပ် : Nyaungdon

ဆေးလိပ်ဆိုသည်မှာ.................... Empty
PostSubject: ဆေးလိပ်ဆိုသည်မှာ....................   ဆေးလိပ်ဆိုသည်မှာ.................... Icon_minitimeWed Aug 24, 2011 11:24 am

မေ(၃၁)ရက်နေ့သည် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့
ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အခမ်းအနားကို
(၁၉၈၂)ခုနှစ်မှ စ၍ နှစ်စဉ် ကျင်းပခဲ့ရာ ယနေ့ အချိန်အထိ ဖြစ်သည်။
(၃၁၊၅၊၂ဝ၁ဝ) ရက်နေ့ နံနက်(၈း၃ဝ) အချိန် တွင် နေပြည်တော်ရှိ ကျန်းမာရေး
ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌လည်း ကျန်းမာရေး ဝန်ကြီးဌာနနှင့်
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကို ပူးပေါင်း ကျင်းပသည့် (၂ဝ၁ဝ)ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်
မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင်
ဆေးလိပ် သောက်သုံးမှု ဖြစ်ပွားတတ်သော အန္တရာယ်များ အကြောင်း
ဟောပြောခြင်းများ၊ စာတမ်းဖတ်ခြင်း၊ ဆွေးနွေးခြင်း များ ပြုလုပ်
ဆောင်ရွက်ခဲ့သည်။ ကမ္ဘာတွင် ဆေးလိပ်သောက်သုံးမှု သိသိသာသာ ပျံ့နှံ့လာခြင်းကို
လေ့ လာရာတွင် (၁၈၈၁)ခုနှစ် အမေရိကန် ပြည်ထောင်စု၌ စီးကရက်စက်ရုံ
ပေါ်ပေါက်လာမှုကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် (၁၈၈၄)ခုနှစ် ဧပြီလ၊
(၃ဝ)ရက်နေ့ကို ယခုခေတ်စီးကရက်များ၏ မွေးနေ့အဖြစ်
သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် Jame Abon
Sack ဆိုသူက တီထွင်သည့် စီးကရက်စက်ရုံမှ တစ်ရက်လျှင် စီးကရက်အလိပ်ရေ
(၁၂ဝဝဝဝ)ခန့် စတင် ထုတ်လုပ်နိုင် ခဲ့သောကြောင့်ဖြစ်သည်။ ထို့နောက်
ကမ္ဘာတစ်ဝှမ်းလုံး၌ စီးကရက် စက်ရုံများ အပြိုင်အဆိုင် ပေါ်ထွက်လာပြီး
ကမ္ဘာပေါ်ရှိ လူသား အား လုံး၏ စီးကရက်သောက် သုံးမှုနှုန်းလည်း
ပိုမိုမြင့်မားလာခဲ့သည်။

စီးကရက် သောက်သုံးမှုဓလေ့
ကျယ်ပြန့်လာခြင်းမှာ မီးခြစ်ပေါ်ပေါက်လာခြင်း သည်လည်း အဓိကအကြောင်းခံတစ်ရပ်
ဆိုပါက မမှားပေ။ သမိုင်းမှတ်တမ်းများ အရ (၁၈၉၂)ခုနစ်တွင် မီးခြစ်ကို
စတင်တီထွင်ခဲ့သည်။ မီးခြစ်ကို လွယ်လင့်တကူ သယ်ယူနိုင် သဖြင့်
ဆေးလိပ်သောက်သုံးရန် အထောက်အကူပြုနေသည့် အတွက် ဆေးလိပ်သောက်သုံးသူ
ပိုမိုများပြား လာသည်ကို စိစစ်တွေ့ ရှိ ရသည်။ သမိုင်းမှတ်တမ်းများတွင်
ဆက်လက်ဖော်ပြထားသည်မှာ သက္ကရာဇ် (၁၉၁၃)ခုနှစ်တွင် RJ.Reynolds ကုမ္ပဏီမှ
Camels အမှတ်တံဆိပ် စီးကရက်ကို ထုတ်လုပ်ခဲ့ပြီး ခေတ်ပေါ်နည်းစနစ်ဖြင့်
ပေါင်းစပ် ထုတ်လုပ်ခဲ့သည့် ပထမဦးဆုံးစီးကရက်ဖြစ်လာ သည် ကို တွေ့ရှိရသည်။
စီးကရက်ကြော်ငြာသည့် လုပ်ငန်းကို ¤င်းကုမ္ပဏီမှ Camels စီးကရက်ရောင်းအား
(၁ဝ)ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး (၁၉၇၂)ခုနှစ်တွင် Marlboro သည်
ကမ္ဘာ့အရောင်းရဆုံး စီးကရက် ဖြစ်လာခဲ့သည်။ (၁၉၂ဝ)ခုနှစ်တွင် စီးကရက်
ကုမ္ပဏီများသည် အမျိုးသမီးမျာ ကို ပစ်မှတ်ထားပြီး ကြော်ငြာစည်းရုံးလာကြသည်။
(၁၉၇ဝ)ခု ဝန်းကျင်တွင် စီးကရက် လုပ်ငန်းရှင်များသည် အာဖရိက၊ အာရှနှင့်
လက်တင် အမေရိကတိုက်များသို့ အရှိန်အဟုန် ဖြင့်လုပ်ငန်းတိုးချဲ့ခဲ့ကြသည်ကို
တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် မြန်မာသက္ကရာဇ်(၉၉၁)ခုနှစ်၊ သာလွန်မင်းတရားကြီး
လက်ထက်တွင် ဆေးလိပ်သောက်ဆေးစတင်ရောက် ရှိလာကြောင်း မှတ်တမ်းများအရ
သိရှိရသည်။ ထူးခြားမှုတစ်ခု အနေဖြင့် မြန်မာသက္ကရာဇ်(၁၁၂၈၉)ခုနှစ်တွင်
ဆင်ဖြူရှင်မင်းတရားကြီး သည် ဒွါရဝတီကို အောင်မြင်ပြီးနောက် မြန်မာတို့သည်
အားလပ်နေသောကြောင့်ယိုးဒယားလူမျိုးတို့ ငှက်ပျောဖက်aဆးလိပ်သောက်ကြ သည်ကို
အတုယူကာ ငှက်ပျောဖက်၊ ပြောင်းဖူးဖက်၊ သနပ်ဖက်၊ ကွမ်းသီးဖက် စသည့်
ဖက်အမျိုးမျိုးဖြင့် ဆေးလိပ် စတင် သောက်သုံး ခဲ့ကြသည်ဟု လေ့လာတွေ့ရှိရသည်။
ရှေးယခင်က မြန်မာများ၏ အိမ်ဦးခန်း တွင် ဆေးလိပ်သည် ကွမ်းတစ်ဘူးနှင့်အတူ
နေရာရရှိခဲ့ကြ သည်။[You must be registered and logged in to see this link.]

မှတ်တမ်းများအရ ပထမ
ကမ္ဘာစစ်ကြီးပြီးလောက်မှ မြန်မာနိုင်ငံသို့ စီးကရက်စတင်ရောက်ရှိခဲ့၍ ဒုတိယ
ကမ္ဘာစစ်ကြီးအပြီး အင်္ဂလိပ်စစ်တပ်မြန်မာနိုင်ငံသို့လာချိန်တွင်
ပိုမိုပေါများစွာ သောက်သုံး လာကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး
ရပြီးနောက် မြန်မာနိုင်ငံတွင် စီးကရက် စက်ရုံများ၊ အပြိုင်အဆိုင်
ထူထောင်ခဲ့ကြသည်။ (၁၉၅၅) ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဗာဂျီးနီးယားဆေး
စီမံကိန်း စတင် အကောင်အထည် ဖော်ခဲ့ပြီးနောက် ဆေးရွက်ကြီး စိုက်ခင်းများ
ပိုမိုတိုးတက် လာသည့် နည်းတူ စီးကရက်ထုတ်လုပ်မှု မှာလည်း
ပိုမိုများပြားလာသည်ကို တွေ့ရှိရသည်။

မည်သို့ပင်ဆိုစေကာမူ
လူတစ်ဦးသည် ဆေးလိပ်သောက်သုံးမှု များပြားလာပြီဆိုပါက
နှလုံးသွေးကြောရောဂါများ ဖြစ်ပေါ်စေ သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဆေးလိပ်
အခိုးအငွေ့ထဲတွင်ပါသော Nicotine နှင့် Carbonmoxide(CO) ဓာတ်များကြောင့်
ဖြစ်သည်။ ၄င်းဓာတ်များသည် အဆုတ်မှတစ်ဆင့် ခန္ဓာကိုယ် သွေးကြောများထဲသို့
ရောက်ရှိကာ နှလုံးခုန်နှုန်းမြန်စေသည်။

သို့အတွက်ကြောင့် နှလုံးမှာ
ပိုမို၍ အလုပ်လုပ်ရသည်။ ဆေးလိပ်မီးခိုးရှူသွင်းကာစ အစပိုင်းတွင်
သွေးပေါင်ကိုတက်စေ သည်။ နှလုံးထဲတွင် ရှိသော သွေးကိုခဲစေသည်။
နှလုံးသွေးကြောအတွင်းသား မျက်နှာပြင်ကို ပျက်စီးစေသည်။ သွေးကြော များကို
ကျဉ်းစေသည်။ ထို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ(Ischemic Heart
Disease)၊ နှလုံးသွေးကြောပိတ်ရောဂါ (Myocardial Infarctin)
နှလုံးခုန်မမှန် သည့် ရောဂါ ( Arrhythmias )၊ ဦးနှောက်ထဲရှိ
သွေးကြောများပိတ်၍ လေဖြတ်သည့် ရောဂါ (Stroke)၊
ဦးနှောက်မြှေးပါးအောက်သွေးယိုခြင်း ( Subarachnoid Haemorrage) တို့ကို
ဆေးလိပ်သောက်သုံးသူ အများစုတွင် တွေ့ရှိ ရ သည်။
ဆေးလိပ်သောက်သူများတွင်အလွန်ပြင်းထန်သော သွေးတိုးရောဂါတစ်မျိုး (Malignant
Hypertension) အဖြစ်များကိုတွေ့ရှိ ရသည့် အပြင် ဆေးလိပ်သောက်ခြင်းကြောင့်
ချောင်းဆိုးရင်ကျပ်ရောဂါ ရရှိကာ ထိုမှတစ်ဆင့် အဆုတ်ကြောင့်ဖြစ်သော
နှလုံးရောဂါ (Corpulmonale)ကို ဖြစ်စေသည်။

ဆေးလိပ်သောက်သုံးသူ
များတွင် လက်၊ခြေထောက်များသို့ သွားသည့် သွေးကြောများ
ကျဉ်းမြောင်းပြီးခြေလက်များ ဖြတ် ပစ်ရသည်အထိ ဖြစ်လာစေသည်။ ဆေးလိပ်သောက်
သုံးသူများအနားသို့ ကပ်မိသူများသည်မိမိကိုယ်တိုင် ဆေးလိပ် မသောက်သော် လည်း
တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်း(Passive Smoking)ကြောင့် နှလုံးသွေးကြော
ရောဂါကိုပါ ဖြစ်စေနိုင်သည်ကို တွေ့ရှိရသည်။

၎င်းအပြင် ဆေးလိပ်သောက်သူများသည် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊
ဆီးအိမ်ကင်ဆာများ ဖြစ်တတ်ပေသည်။ ဆီးအိမ် ကင်ဆာဖြစ်သူအားလုံး၏ ကျားတွင်
(၅ဝ)ရာခိုင်နှုန်း၊ မတွင် (၂၅) ရာခိုင်နှုန်းမှာ ဆေးလိပ်သောက် သုံး၍
ဖြစ်သည်ကို တွေ့ရှိ ရသည်။ ဆေးလိပ်သောက်ခြင်းသည် ဆိုးကျိုးများစွာ
ဖြစ်စေသည့် အတွက် ဆေးလိပ်သောက်သုံးသူများ အနေဖြင့် ဆေးလိပ်ဖြတ်မည် ဆိုပါက
ရရှိမည့် အကျိုးကျေးဇူးများမှာ ကိုယ်ခန္ဓာထဲတွင် အဆိပ်များသန့်စင် လာစေပြီး
Nicotine ဓာတ်သည် ဆေးလိပ်မသောက်သုံး ဘဲ နေလိုက် သည်နှင့်(၈)နာရီအတွင်း
တစ်ဝက်လျော့သွားပြီး Carbonmoxide (CO) ဓာတ်သည်(၂၄-၄၈)နာရီအတွင်း သာမာန်ဆေး
လိပ်မသောက် သူကဲ့သို့ လျော့နည်းကျဆင်းလာသည်။ ထိုအခါ Oxygen ပါဝင်မှု
တက်လာသဖြင့် နှလုံးခုန်မှုမှန်လာသည်၊ အဆုတ်ထဲ တွင် ဆေးချေး
(ခေါ်)ကတ္တရာဓာတ်များ ရှင်းလင်းစပြုလာသည့်အတွက် အသက်ရှူ ချောင်လာသည်။
အနံ့နှင့်အရသာ အာရုံများကောင်း လာသည်။

ဆေးလိပ်ကို
(၁၅)နှစ်ကြာဖြတ်ပြီးသူဖြစ်ပါက ဆေးလိပ်မသောက်ဖူး သူများကဲ့သို့
ရောဂါဖြစ်နှုန်းလျော့နည်းစေသည်။ဆေး လိပ်ကြောင့် နှလုံးရောဂါဖြစ်ပြီးသူအတွက်
ရောဂါကြောင့် သေဆုံးမှုနှုန်းကို (၅ဝ)
ရာခိုင်နှုန်းလျော့နည်းစေသည်။အဆုတ်ကင်ဆာဖြစ်နှုန်း လည်း အလားတူ
လျော့နည်းစေကြောင်း တွေ့ရှိရသည်။


[You must be registered and logged in to see this link.]

မြန်မာနိုင်ငံတွင်
(၁၉၉၃)ခုနှစ် လေ့လာမှုအရ မြို့ပြကျောင်းသားလေးများ၏
(၄၄.၆)ရာခိုင်နှုန်းသည် ဆေးလိပ်သောက် သုံကြောင်းတွေ့ ရှိရသည်။
ဘင်္ဂလားဒေ့ရှ်တွင် (၁၅-၁၆)နှစ်အရွယ် ကျောင်းသား လေးများ၏
(၂၃)ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်ကြ သည်။ သီရိလင်္ကာနိုင်ငံတွင် (၁၁)နှစ်
အရွယ်မှစ၍ ဆေးလိပ်သောက်သုံးကြောင်း လေ့လာတွေ့ရှိရသည်။ ''သံကိုဖျက် သံချေး
တက်'' ဆိုသကဲ့သို့ ဆေးလိပ်သောက်ခြင်းသည် လူငယ်ကို လူငယ်အချင်းချင်း
ဖျက်ခြင်းပင်ဖြစ်သည်။ ဆေးလိပ်သောက်သော လူငယ်လေး များကြောင့် လှပသော
အနာဂတ်တွင် ကင်ဆာရောဂါ၊ မူးယစ်ဆေးဝါးများ၏ သားကောင်များ ပေါ်လာသည့်
နမိတ်ဆိုးများလောင်းရိပ် ထိုးနေတတ်ပေသည်။ ယနေ့မြို့ပေါ် ကျေးရွာ အသီးသီးတွင်
ဖွင့်လှစ်ကြသော လက်ဖက်ရည်ဆိုင်များ၌ လူငယ်၊ လူရွယ်၊ လူကြီးအရွယ် မျိုးစုံ
လက်ဖက်ရည် ထိုင်သောက်ရင်း ကိစ္စမျိုးစုံ ဆွေးနွေး တိုင်ပင်ကြသည်မှာ
ဓလေ့စရိုက် တစ်မျိုးကဲ့သို့ ဖြစ်နေသည်။ တချို့ လက်ဖက် ရည်ဆိုင်များတွင်
လက်ဖက်ရည်ဖိုး ရှင်းငွေယူသည့်အခါ အနုတ်ငွေပြန်မအမ်းပဲ စီးကရက်
ပြန်အမ်းကြသည်ကို တွေ့ရှိရသည်။

ထိုသို့ စီးကရက်ကို
အနုတ်ကဲ့သို့ အစားထိုး အမ်းကြခြင်းသည် ယနေ့ လူငယ်လူရွယ် ကျောင်းသားလေးများ
အဖို့ စီးက ရက်သောက်ခြင်းကို တစ်ဖက်တစ်လမ်းမှ အားပေးသကဲ့သို့ ရှိသလို
လူငယ်လူရွယ် ကျောင်းသားများသည်ပင် အနုတ်အစား ပြန်အမ်း သည့် စီးကရက်ကို
သောက်မိရာမှ စွဲလမ်းသည်အထိ ဖြစ်လာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့်
လူငယ်များကို ဆေးလိပ်သောက် သုံးခြင်းမှ ကာကွယ်တားဆီး ပေးနိုင်ရန်
အကြောင်းတရား အရင်းအမြစ်များဖြစ်သည့် ဆေးလိပ်ကုမ္ပဏီကြီးများမှ ပံ့ပိုးမှုကို
ပိတ်ပင်ခြင်း၊ အမြတ်ခွန်များစည်းကြပ်ခြင်း၊ ဆေးလိပ်တန်ဖိုးကို
တိုးမြှင့်သတ်မှတ်ခြင်း၊ (၁၈)နှစ်အောက်
ကလေးငယ်များကိုဆေးလိပ်ရောင်းချပေးခြင်း အား တားမြစ်ခြင်း၊ လက်ဖက်ရည်
ဆိုင်များတွင် အနုတ်ငွေအစား ဆေးလိပ် ပြန်လည်အမ်းခြင်းကို တားမြစ်ခြင်း၊
နိုင်ငံခြားမှ ဆေးလိပ် တင်သွင်းမှုအား လျော့ချခြင်း၊ ဆေးလိပ်ကြော်ငြာများ
တားဆီးပိတ် ပင်ခြင်း၊ ဆေးလိပ် ဆိုးကျိုးများကို အများပြည်သူနှင့် လူငယ်
လူရွယ်ကျောင်းသားလေးများ နားလည်သဘောပေါက် သိရှိစေ ရန် စဉ်ဆက်မပြတ်
ရှုဒေါင့် အမျိုးမျိုးမှ ပညာပေးခြင်းလုပ်ငန်း များဆောင် ရွက်ခြင်း၊
ကျောင်းသားအရွယ် လူမမယ်ကလေးများ၊ လမ်းမှားသို့ မရောက်မိစေရန်၊ လမ်းမှန်သို့
ရွေးချယ်မိ စေရန်၊ လမ်းညွှန်မှုနှင့် နှစ်သိမ့်အကြံပေး ဆွေးနွေးမှုများ
Guidance and Counselling ပြုလုပ်ခြင်းများ တားဆီးသွားရမည် ဖြစ်ကြောင်း
တိုက်တွန်း ရေးသားလိုက်သည်။
မေ(၃၁)ရက်နေ့ ကမ္ဘာ့ဆေးလိပ်သောက်ရေးနေ့အား ဂုဏ်ပြုရေးသားသည်။
ဇော်လင်းသန်း
(ကိုဖိုးလေးဆိုဒ်မှ ကူးယူဖော်ပြပါသည်)
Back to top Go down
 
ဆေးလိပ်ဆိုသည်မှာ....................
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ :: သတင်းများ :: မြန်မာပြည်သတင်းများ-
Jump to: