သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
Would you like to react to this message? Create an account in a few clicks or log in to continue.

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ

ကျွန်တော့်ဖိုရမ် address လေးမေ့သွားခဲ့ရင် google မှာ အောင်ကျော်နှင့်သူငယ်ချင်းများ လို့ရိုက်ထည့်လိုက်ပါ
 
HomePortalGallerySearchLatest imagesRegisterLog in

 

 ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း

Go down 
3 posters
AuthorMessage
suehninsi

suehninsi


Posts : 3
ရမှတ် : 33
Join date : 2011-08-03
Age : 31
နေရပ် : ၀ိညဉ်တိုင်းပြည် အမှတ်-၅၂၈

ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း Empty
PostSubject: ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း   ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း Icon_minitimeWed Aug 03, 2011 1:17 pm



မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ဝင်ရောက်နေမှု ရှိမရှိ အလွယ်တကူရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို အိုင်တီ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲဖြစ်ဖြစ် ဝင်ရောက် နေပြီဆိုရင် စက်ဟာ နှေးကွေးလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။

ဒီလိုဝင်ထွက်နိုင်ဖို့ ဝင်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။ အများဆုံး အသုံးပြုတာက Transmissinon Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။ ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေ က သုညကနေ 1023 အတွင်းမျာ ရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။

ဒါကိုဖော်ထုတ်နိုင်ဖို့ ဝင်းဒိုးမှာ အလိုအလျောက် ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကို နှိပ်ပါ။ Run box လေးပေါ်လာပါလိမ့်မယ်။ CMD လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။

အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat-a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။ စာတန်း အရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။ ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် lP တစ်ခုကို ထွက်နေတာတွေ့ရပါလိမ့်မယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေ အကုန် ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေ ထွက်နေတာ ဖြစ်ပါတယ်။ Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat-an လို့ ရိုက်ထည့်ပြီး ကြည့်ပါ။

မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက် နေသလားသိချင်ရင် Netstat-bn လို့ Command Prompt မှာရိုက်ထည့်ပြီး သုံးကြည့်ပါ။ အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် lP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေ တစ်ဆင့် ဝင်နေထွက်နေ သလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
Back to top Go down
Admin
Admin
Admin


Posts : 64
ရမှတ် : 622
Join date : 2011-07-29
Age : 30
နေရပ် : ဗီးနပ်စ်ရွာ ၊ စေတန်မြို့ ၊ ဂျူပီတာနိုင်ငံ

ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း Empty
PostSubject: Re: ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း   ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း Icon_minitimeWed Aug 03, 2011 8:17 pm

မိုက်တယ် နောက်ထပ်လည်း များများရေးပေးပါအုံး
Back to top Go down
http://aungkyaw1994.freeforums.biz
nyeinko




Posts : 68
ရမှတ် : 447
Join date : 2011-07-31
Age : 29
နေရပ် : pathein

ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း Empty
PostSubject: Re: ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း   ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း Icon_minitimeWed Aug 03, 2011 8:45 pm

ကြိုက်တယ်ဗျာ နောက်ထပ် ကောင်းတာလေးတွေကို သူငယ်ချင်းများကို မျှဝေပေးပါဦးနော် Very Happy
Back to top Go down
Sponsored content





ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း Empty
PostSubject: Re: ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း   ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း Icon_minitime

Back to top Go down
 
ဟတ်ကာတွေကိုအလွယ်ကူဆုံးခြေရာခံနည်း
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ :: It နည်းပညာနဲ့ပက်သက်တာလေးတွေပါ :: internet အကြောင်း-
Jump to: