သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
Would you like to react to this message? Create an account in a few clicks or log in to continue.

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ

ကျွန်တော့်ဖိုရမ် address လေးမေ့သွားခဲ့ရင် google မှာ အောင်ကျော်နှင့်သူငယ်ချင်းများ လို့ရိုက်ထည့်လိုက်ပါ
 
HomePortalGallerySearchLatest imagesRegisterLog in

 

 သတိပေးနိုးဆော်ချက်

Go down 
AuthorMessage
nyeinko




Posts : 68
ရမှတ် : 447
Join date : 2011-07-31
Age : 29
နေရပ် : pathein

သတိပေးနိုးဆော်ချက် Empty
PostSubject: သတိပေးနိုးဆော်ချက်   သတိပေးနိုးဆော်ချက် Icon_minitimeWed Aug 03, 2011 9:01 pm


သူငယ်ချင်းတွေအားလုံးကို ကျွန်တော်တို့ရဲ့ နယ်ဘက်မှာဖြစ်ပျက်နေတဲ့
ကိစ္စလေးတစ်ခု ပြောပြချင်လို့ပါ။ အဲဒါက ဘာလဲ ဆိုတော့ ဖောက်ထွင်းမှု့ ပါ။
ဖေါက်ထွင်းခြင်းဖြစ်ပါသည်။ ခိုးခြင်းမဟုတ်ပါ။ ကျွန်တော်တို့
ပုသိမ်ခရိုင်ဘက်မှာ အရမ်းပဲအဖြစ်များနေပါတယ်။ ပြီးခဲ့တဲ့
တစ်ပါတ်အတွင်းထဲမှာတင် ကျွန်တော်တို့ မြို့မှာ ဖေါက်ထွင်းမှုပေါင်း ၅
ခုဖြစ်ခဲ့ပါတယ်။ ဖေါက်ထွင်းခံရတဲ့ အိမ်တွေကလည်း မြို့ရဲ့
မျက်နှာဖုံးသူဌေးတွေ အိမ်တွေပါသလို အပေါင်ဆိုင်တွေလည်းပါပါတယ်။ ဈေးထဲက
ရွှေဆိုင်တစ်ဆိုင်လည်းပါပါတယ်။




မူခင်းဂျာနယ်ထဲမှာ ပါမပါတော့ မသိဘူး။ အခုလပိုင်းအတွင်းမှာတင်
ဖောက်ထွင်းမှု၊ ခိုးမှု၊ ဒုစရိုက်မှုတွေ တစ်ပုံတစ်ပင်ကြီးဖြစ်လာပါတယ်။



ဖေါက်ထွင်းခံရတဲ့ အိမ်တစ်အိမ်ရဲ့ အဖြစ်ဆိုရင် တော်တော်ကြီး
ထူးထူးဆန်းဆန်းပါ ရွှေငွေ အတွင်းပစ္စည်း တွေကို ယူရုံသာမက အင်ဗာတာ၊
မီးအားမြှင့်စက်တွေကို ဖြုတ်ယူကြတာပါ။ ကျွန်တော်နဲ့
ရင်းနှီးတဲ့သူတွေဖြစ်နေတော့ သွားမေးကြည့်တဲ့အခါ သူတို့ တစ်အိမ်သားလုံး
ဖေါက်ထွင်းခံရချိန်မှာ မအိပ်သေးကြောင်း အိမ်ရှေ့ဧည့်ခန်းမှာ
တီဗွီထိုင်ကြည့်နေကြတဲ့ အကြောင်းပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း
ခင်ဗျားတို့ အိပ်မှ မအိပ်သေးဘဲ ဘာဖြစ်လို့ မအော်တာလဲလို့ ဆိုတော့
ငါတို့အားလုံး ဖေါက်ထွင်းလာတဲ့ သူတွေကို မြင်နေရတယ်။ အားလုံးပေါင်း ၎
ယောက်တိတိ လာတာ။ ၀တ်စားထားတာတော့ ဂျင်းဘောင်းဘီ နဲ့ တီရှပ်တွေနဲ့ချည်းပဲ။
မျက်နှာတွေမှာတော့ ပ၀ါတွေစည်းထားကြတယ်။ သူတို့ဘာတွေလုပ်နေသလဲဆိုတာ
အားလုံးမြင်နေရပေမယ့် ငါတို့ လှုပ်လို့တောင်မရဘူး။ အော်ဖို့
ကြိုးစားကြည့်တော့လည်း အသံကထွက်မလာဘူး။ ဘယ်လိုမှ လုပ်လို့မရတော့
ငါတို့လည်းကြည့်နေရတော့တာဘဲကွာ။ ထူးဆန်းတာတစ်ခုရှိသေးတယ်
ငါတို့ကြည့်နေတဲ့ ဗီဒီယိုကားက သူတို့ ၀င်လာခါနီးမှာ အလိုလိုရပ်သွားတယ်။
ဘယ်သူမှလည်း Pause မလုပ်ဘူး ဆိုပြီး စိုးရိမ်ထိန်လန့်နေတဲ့ ပုံစံနဲ့
ကျွန်တော့်ကိုပြောပါတယ်။



နောက်တစ်အိမ်ကတော့ စက်ဘီးတွေအပေါင်ခံတဲ့အိမ်။ အဲဒီအိမ်ကလည်း RC-2
ထပ်ပုံစံ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတာပါ။ အနားမှာလည်း
အိမ်တွေအများကြီးရှိပါတယ်။ ဖေါက်ဝင်လာတာက အိမ်ခြေရင်းဘက်နံရံကို
ဖောက်ဝင်တာပါ။ အဲဒီအိမ်က ဦးလေးကြီးက စစ်မှုထမ်းဟောင်းကြီး
သူ့ကိုယ်သူအရမ်းနားပါးတယ်ဆိုပြီးဂုဏ်ယူနေတဲ့သူ။ ပတ်ဝန်းကျင်ကအိမ်တွေကလည်း
လုံးဝမသိသလို့ အဲဒီအိမ်ကလူတွေလည်း လုံးဝမသိလိုက်ဘူးမိုးလင်းတော့
အုတ်နံရံကြီးပွင့်နေတော့မှ သိတာ။



နောက်တစ်အိမ်ကကျတော့ ပိုက်ဆံရှိတဲ့အိမ်မဟုတ်ဘူးဗျ။ သူတို့က
ဈေးထဲမှာမုန့်ဟင်းခါးရောင်းတယ်။ သူတို့အဖေက ကျွန်တော်တို့
ငယ်ငယ်ကတည်းကဆုံးသွားတာ။ အမေအိုကြီးနဲ့ မိန်းကလေးတွေဘဲရှိတယ်။ ညီအစ်မ
လေးယောက်ရှိတယ်။ ကောင်မလေးတွေက တော်တော်လှကြတယ်။ အဲဒီညမှာဖြစ်ချင်တော့
သူတို့ရဲ့ ဦးလေးတစ်ယောက်အိမ်ကို ကိစ္စတစ်ခုရှိလို့ အကြီးဆုံးကောင်မလေးနဲ့
အငယ်ဆုံးကောင်မလေးနှစ်ယောက်ကသွားကြတယ်။ သူတို့ပြန်လာတော့ ည ၁၀
နာရီလောက်ရှိနေပြီ (ကျွန်တော်တို့ဆီမှာက ညဘက်ဆိုရင် 9
နာရီလောက်အထိဘဲလူစည်တယ်။) (၉)နာရီကျော် သွားရင်လူပြတ်သွားရော။ အဲဒါနဲ့
သူတို့ညီအစ်မကို နောက်ကျလို့ဆိုပြီးတော့ သူ့တို့ဦးလေးရယ်
ဦးလေးရဲ့သားရယ်လိုက်ပို့ကြတယ်တဲ့။ အိမ်ရှေ့လည်းရောက်ရော ခြံတံခါးကြီးက
ဟောင်းလောင်းကြီးပွင့်လို့ အဲဒါနဲ့ သူတို့လည်း စိုးရိမ်တကြီးနဲ့
ပြေးဝင်လိုက်ကြပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်တော့ အိမ်ရှေ့တံခါးမမှာ
ယောက်ျားတစ်ယောက် က မိန်းကလေးတစ်ယောက်ကို ပွေ့ချီထားတာကို တွေ့လိုက်ရတယ်။
အဲဒါနဲ့ ဦးလေးက “ဟိတ်ကောင် မပြေးနဲ့ “ ဆိုပြီး အော်လည်းအော်လိုက်ရော
လက်ထဲမှာပွေ့ချီထားတဲ့ မိန်းကလေးကို လွတ်ချလိုက်ပြီး သူတို့ကို
ဝင်တိုက်ပြီး ထွက်ပြေးသွားတောတာပဲတဲ့။ ဦးလေးနဲ့ သူ့သားလည်း
နောက်ကနေပြေးလိုက်ကြာတော့တာပေါ့တဲ့။ ပြေးလိုက်ရင်းနဲ့ အဲဒီလူက
လမ်းချိုးတစ်ခုထဲကိုဝင်သွားတော့ လိုက်ဝင်လိုက်တာ လမ်းချိုးထဲမှာ
ကန့်လတ်ဖြက်တားထားတဲ့ကြိုးတစ်ချောင်းကို ခလုပ်တိုက်ပြီး ဘိုင်းကနဲ
လဲသွားပြီးဆက်မလိုက်နိုင်တော့တော့တဲ့အချိန်မှာ အဲဒီကောင်လွတ်သွားတယ်။
ထူးဆန်းတာတစ်ခုက သူတို့ နှစ်ယောက်နောက်ကနေအလိုက်မှာ “ သူခိုးဗျို့ သူခိုး
ဆိုပြီး ” အော်ပေမယ့် လမ်းထဲက ဘယ်အိမ်ကမှ နိုးမလာဘူးတဲ့။
ကံကောင်းလို့ပေါ့သူတို့က ပစ္စည်းခိုးချင်တာမဟုတ်ဘူး လူခိုးဖို့လာတာ။
ကျန်တဲ့အိမ်တွေက တော့ သိပ်မရင်းနှီးတော့ အကြောင်းစုံ မသိရဘူး။




ကျွန်တော်လည်း စဉ်းစားတာပေါ့ ဒီလိုကိစ္စမျိုးက ကျွန်တော်တို့မြို့မှာ
တစ်ခါမှ ဖြစ်ဖူးတာမှမဟုတ်တာ ဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တော့
ကျွန်တော်တို့ရဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ကောင်းမှု ဖြစ်နေတယ်။
နည်းနည်းနားရှုပ်သွားမယ် ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ သမ္မတကြီးက သူ
သမ္မတဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသားတွေကို ထောင်နဲ့ ချီပြီး
လွတ်ပေးလိုက်တာက စတော့တာပဲ။ သူလွတ်ပေးလိုက်တဲ့လူတွေက အပြစ်မရှိဘဲ
နိုင်ငံရေးဥပဒေ ပုဒ်မ အတပ်ခံရပြီး ထောင်ကျသွားတဲ့ အပြစ်မဲ့တဲ့လူတွေ
မဟုတ်ဘဲ။ တစ်ကယ် ရာဇ၀င် သူခိုး၊ ဂျပိုးတွေ က များနေတာကိုး။ အဲဒီတော့ အဲဒီ
သူခိုး၊ ဓါးပြ၊ မဒိန်းကောင်တွေက ကျန်တာမှမလုပ်တတ်တာ မတတ်တော့ တတ်တာပဲ
ပြန်လုပ်တာပေါ့။ ကျွန်တော်သိရသလောက်ဆိုရင်
ပုသိမ်ခရိုင်ကနေလွတ်ပေးလိုက်တဲ့ အထဲက သုံးပုံတစ်ပုံလောက်က လွတ်ပေးပြီး
လပိုင်းအတွင်းမှာ ဒုစရိုက်အလုပ်တွေ ထပ်လုပ်လို့
ထောင်ထဲပြန်ရောက်နေပြီဆိုပဲ။ အဲဒီတော့ ဒီလူဆိုး၊ သူခိုး၊ ဓါးပြ၊
မုဒိန်းကောင်တွေကိုလွတ်ပေးတဲ့ လူရဲ့ကောင်းမှုဖြစ်နေတာပေါ့။




ကျွန်တော့် သူငယ်ချင်းတွေအားလုံးလည်း သတိထားရအောင်ပါ။ မိန်းကလေးတွေလည်း
ရန်ကုန်မြို့မှာပဲ ဆိုပြီး ပေါ့ပေါ့ဆဆ မနေကြပါနဲ့။
ကျွန်တော်တို့ဆီမှာကတော့ မိန်းကလေးတွေနေစရာနေရာမရှိအောင် ကြောက်နေကြတယ်။
အားလုံးအတွက် သတိပေးတာပါ။ သတိဆိုတာ ပိုတယ်လို့မှ မရှိပဲ။
Back to top Go down
 
သတိပေးနိုးဆော်ချက်
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ :: သတင်းများ :: မြန်မာပြည်သတင်းများ-
Jump to: