သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
Would you like to react to this message? Create an account in a few clicks or log in to continue.

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ

ကျွန်တော့်ဖိုရမ် address လေးမေ့သွားခဲ့ရင် google မှာ အောင်ကျော်နှင့်သူငယ်ချင်းများ လို့ရိုက်ထည့်လိုက်ပါ
 
HomePortalGallerySearchLatest imagesRegisterLog in

 

 monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင်

Go down 
3 posters
AuthorMessage
suehninsi

suehninsi


Posts : 3
ရမှတ် : 33
Join date : 2011-08-03
Age : 31
နေရပ် : ၀ိညဉ်တိုင်းပြည် အမှတ်-၅၂၈

monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင် Empty
PostSubject: monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင်   monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင် Icon_minitimeThu Aug 04, 2011 7:10 am

ယနေ့ခေတ် Graphic Card တော်တော်များမှာ Monitor တွေရဲ့ မြင်ကွင်းပုံစံကို အမျိုးမျိုးပြောင်းလဲလို့ရတဲ့ Utilities

တွေ ပါဝင်လာပါတယ်။ ဒီ Utilities တွေကို Graphic Card ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ထည့်သွင်းလာခဲ့တာ ဖြစ်ပါတယ်။

၎င်း Utilities ပါဝင်တဲ့ Graphic Card တွေမှာ Monitor ကို သုည ဒီဂရီ၊ ၉၀ ဒီဂရီ၊ ၁၈၀ ဒီဂရီ၊ ၂၇၀ ဒီဂရီ အစရှိသည်ဖြင့်

လှည့်(Rotate)နိုင်ပါတယ်။

စာဖတ်သူအနေနဲ့ မေးစရာရှိနိုင်ပါတယ်။ ၎င်း Utilities တွေကို ဘာအတွက် ထည့်တားတာလဲ။ ၎င်း Utilities တွေက

အသုံးပြုသူတွေအတွက် လိုအပ်လို့လား။ ဟုတ်ကဲ့ အောက်မှာ ပြောပြပေးသွားပါ့မယ်။ တချို့ အဲဒီ Utilities ကို

မသုံးတဲ့တတ်အတွက် ပြဿနာတတ်ပါတယ်။ မည်သည့် Key ကို နှိပ်လိုက်မှန်း မသိဘဲ Monitor ကြီးက ရုတ်တရက်

စောက်ထိုးဖြစ်သွားတယ်။ စောင်းသွားတယ်။ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ အသုံးပြုသူက ထင်လိမ့်မယ် Monitor

ကြီးပဲ ပျက်သွားတာလား။ ကွန်ပျူတာကပဲ တစ်ခုတစ်ခုဖြစ်သလား။ အစရှိသဖြင့် ဘာဖြစ်မှန်းမသိအောင်

ဖြစ်သွားတတ်ကြပါတယ်။ ဒီအခါမှာ ကွန်ပျူတာပြင်တဲ့သူတွေကို အားကိုးရတော့မယ်။

Monitor ကို လှည့်ဖို့၊ စောင်းဖို့ရန်အတွက် Shortcut Key တွေ ရှိပါတယ်။ ၎င်း Shortcut Key တွေကတော့ Ctrl နှင့်

Alt တို့နှင့်အတူ Arrow Key တို့ ဖြစ်ကြပါတယ်။ အရင်ဆုံး Monitor ကို လှည့်ချင်တယ်ဆိုလျင် Ctrl နှင့် Alt ကို ပြိုင်တူ

ဖိနှိပ်ထားလိုက်ပါ။ ၎င်း Key နှစ်ခုကို နှိပ်ထားလိုက်ပြီးပြီဆိုလျင် Arrow Key ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Up Arrow Key ကို

နှိပ်မယ်ဆိုလျင်တော့ Monitor ရဲ့ ပုံမှန်မြင်နေရတဲ့ သုည ဒီဂရီ ကို လှည့်ပေးမှာ ဖြစ်ပါတယ်။ Right Arrow Key ကို

နှိပ်မယ်ဆိုလျင်တော့ ၉၀ ဒီဂရီ ကို စောင်းသွားမှာ ဖြစ်ပါတယ်။ Down Arrow Key ကို နှိပ်မယ်ဆိုလျင်တော့ ၁၈၀ ဒီဂရီကို

လှည့်ပေးမှာဖြစ်ပြီး Monitor ရဲ့ မြင်ကွင်းက စောက်ထိုး ဖြစ်သွားပါလိမ့်မယ်။ Left Arrow Key ကို နှိပ်ပေးမယ်ဆိုလျင်တော့

၂၇၀ ဒီဂရီကို စောင်းသွားပါလိမ့်မယ်။ အကယ်၍ Monitor မြင်ကွင်းက စောင်းနေတာ၊ စောက်ထိုးဖြစ်နေတာကို ပုံမှန်အတိုင်း

ပြန်ဖြစ်ချင်တယ်ဆိုလျင်တော့ Ctrl နှင့် Alt ကို ဖိထားပြီး Up Arrow Key ကို နှိပ်လိုက်ပါ။ ဒီအခါမှာ Monitor က

သူရဲ့ပုံမှန်မြင်ကွင်းအတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။

၎င်း Utilities တွေ ပေါ်ပေါက်လာတာနှင့်အတူ Monitor တွေကိုလည်း လှည့်လို့ရအောင် ထုတ်လုပ်လာကြတာကို

တွေ့ရပါတယ်။ သို့သော်လည်း အသုံးနည်းနေသေးတာကို တွေ့ရပါတယ်။ ထိုကဲ့သို့ လှည့်လို့ရတဲ့ Monitor တွေကို

ထုတ်လုပ်လိုက်တဲ့အတွက်ကြောင့် ၎င်း Utilities တွေနဲ့တွဲပြီး အသုံးပြုလို့ရလာပါတယ်။ ဥပမာ- Monitor ရဲ့ မြင်ကွင်းကို

စောင်းသွားအောင် Keyboard ကနေ Ctrl နှင့် Alt ကို ဖိထားပြီး Right Arrow Key ကို နှိပ်လိုက်တဲ့အခါမှာ Monitor ရဲ့

မြင်ကွင်းက ၉၀ ဒီဂရီကို စောင်းသွားပါလိမ့်မယ်။ ဒီလိုစောင်းသွားတဲ့အချိန်မှာ Monitor ကိုလည်း ၉၀ ဒီဂရီ

စောင်းပေးလိုက်ပါ။ ဒီအခါမှာ ကွန်ပျူတာကပုံရိပ်တွေကို အတည်အတိုင်းမြင်ရပါလိမ့်မယ်။ Monitor ကို စောင်းတဲ့နေရာမှာ

နာရီလက်တံ လည်တဲ့အတိုင်း စောင်းဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ Utilities က Monitor ရဲ့ မြင်ကွင်းတွေကို

နာရီလက်တံအတိုင်း စောင်းပေးလို့ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ Monitor မြင်ကွင်းလေးကို ဘယ်လို စောက်ထိုးပေါ်အောင် လုပ်မလဲဆိုတာ သိလောက်ပြီပေါ့နော်။
Back to top Go down
Admin
Admin
Admin


Posts : 64
ရမှတ် : 622
Join date : 2011-07-29
Age : 30
နေရပ် : ဗီးနပ်စ်ရွာ ၊ စေတန်မြို့ ၊ ဂျူပီတာနိုင်ငံ

monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင် Empty
PostSubject: Re: monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင်   monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင် Icon_minitimeThu Aug 04, 2011 3:52 pm

မိုက်တယ်ဗျာ သိတော့သိတယ် ဒါပေမယ့် shortcut key လေးတွေကို မသိဘူး အခုမှပဲ သိတော့တယ်...
Back to top Go down
http://aungkyaw1994.freeforums.biz
nyeinko




Posts : 68
ရမှတ် : 447
Join date : 2011-07-31
Age : 29
နေရပ် : pathein

monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင် Empty
PostSubject: Re: monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင်   monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင် Icon_minitimeThu Aug 04, 2011 4:24 pm

ကောင်းပါတယ် နောက်ထပ်ကောင်းတာလေးတွေက်ုထပ်တင်ပေးနော် Rolling Eyes
Back to top Go down
Sponsored content





monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင် Empty
PostSubject: Re: monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင်   monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင် Icon_minitime

Back to top Go down
 
monitor မြင်ကွင်းကိုစောက်ထိုးပေါ်စေချင်လျှင်
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ :: It နည်းပညာနဲ့ပက်သက်တာလေးတွေပါ :: Hardware-
Jump to: