သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
Would you like to react to this message? Create an account in a few clicks or log in to continue.

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ

ကျွန်တော့်ဖိုရမ် address လေးမေ့သွားခဲ့ရင် google မှာ အောင်ကျော်နှင့်သူငယ်ချင်းများ လို့ရိုက်ထည့်လိုက်ပါ
 
HomePortalGallerySearchLatest imagesRegisterLog in

 

 DHCP ပြဿနာများ

Go down 
AuthorMessage
Admin
Admin
Admin


Posts : 64
ရမှတ် : 622
Join date : 2011-07-29
Age : 30
နေရပ် : ဗီးနပ်စ်ရွာ ၊ စေတန်မြို့ ၊ ဂျူပီတာနိုင်ငံ

DHCP ပြဿနာများ Empty
PostSubject: DHCP ပြဿနာများ   DHCP ပြဿနာများ Icon_minitimeFri Aug 05, 2011 8:38 pm

DHCP ဆိုတဲ့ Dynamic Host Configuration Protocol ကတော့ Network သမားတိုင်းမသိတဲ့သူမရှိဘူးလို့

ပြောရမှာပါပဲ။ သူက IP Address တွေကို Automatically ချပေးနိုင်တဲ့ကောင်ပေါ့။ ဟုတ်ပါပြီ။ ဒီကောင်တွေက

မသုံးမဖြစ်သုံးနေရတာဆိုတော့ ဒီကောင်တွေရဲ့ ပြဿနာတွေကလည်း အမြဲကြုံတွေ့နေရမှာပဲလေ။ ဒါကြောင့်

သင်တို့အတွက်ကို အမြဲစဉ်းစားပေးနေတဲ့ ကျွန်တော်က DHCP Serv er မှာဖြစ်တတ်တဲ့ ပြဿနာတွေရယ်၊ ဘယ်လို

Troubleshoot လုပ်ရမယ်ဆိုတာကို ပြောပြပါ့မယ်။ Steps by Steps ပြောပြသွားမှာဆိုတော့ စိတ်ရှည်လက်ရှည်

ဖတ်ကြည့်ပါဦး။

(၁)Client မှာဘယ်လို Configuration လုပ်ထားလဲစစ်ကြည့်ပါ။

Client ဆီမှာ Connection လွတ်သွားရင်သော်လည်းကောင်း၊ Client အသစ်အတွက် Configuration

ချကာစမှာသော်လည်းကောင်း၊ DHCP Failure ဆိုပြီး ပေါ်လာတတ်ပါတယ်။ ဒါဆိုရင်တော့ Client ကပဲဖြစ်သလား၊

ဘယ်နေရာကဖြစ်သလဲဆိုတာကို အရင်စဉ်းစားဖို့ လိုပါတယ်။

ဒီတော့ DHCP ရဲ့ IP ချတာကိုရရဲ့လားကြည့်ရအောင်။ ကြည့်နည်းကတော့ လွယ်ပါတယ်။ Command Prompt ထဲမှာ

IPconfig /all ဆိုပြီး ထည့်ကြည့်ပေါ့။ အဲဒီမှာ DHCP Enabled လည်းဖြစ်နေမယ်၊ IP Address လည်း

ကျနေတယ်ဆိုရင်တော့ ဒါကောင်းပါတယ်။

[You must be registered and logged in to see this image.]

နောက်တစ်မျိုးကတော့ Task Menu ပေါ်မှာပေါ်နေတဲ့ Network Connection လေးပေါ်မှာ Click နှိပ်ရင်အောက်က

ပုံအတိုင်းပေါ်လာလိမ့်မယ်။

[You must be registered and logged in to see this image.]


အဲဒီကမှ Support ဆိုတဲ့ Tab မှာသွားကြည့်ကြည့်။

[You must be registered and logged in to see this image.]

Address Type မှာ "Assigned by DHCP" ဖြစ်နေရင်တော့ ဒါဟာ DHCP Server နဲ့ကောင်းကောင်း Network

မိနေပါတယ်။ ဟိုလိုမျိုး DHCP Failure ဆိုတဲ့ Warning msg လည်း ပေါ်စရာမလိုပါဘူး။

ဒီလိုမျိုး Setting တွေမှန်ကန်နေရင်းနဲ့မှ Error Warning တွေတက်လာတယ်ဆိုရင်တော့ ဒါဟာ Local Client

ကဖြစ်တာမဟုတ်တော့ပါဘူး။

(၂) Address Conflict ဖြစ်ခြင်း

တကယ်လို့ IP Address တစ်ခုတည်းကို ကွန်ပျူတာနှစ်လုံးမှာ ပြိုင်တူချလိုက်မိတယ်ဆိုရင် Address Conflict Error

ဖြစ်တတ်ပါတယ်။ အဲဒီ Error ကိုတော့ System Tray နားမှာ ပြပါလိမ့်မယ်။ ဒါဆိုဘာကြောင့် DHCP သုံးထားရဲ့သားနဲ့

Address တူတူတွေချပေးကုန်တာလဲ။ ဒါဟာ DHCP Server တွေ Compete ဖြစ်ရင် (သို့မဟုတ်) DHCP Scope

အပြောင်းအလဲရှိရင် ဖြစ်တတ်ပါတယ်။

DHCP Server Compete ဖြစ်တာကိုတော့ Windows Support Tool တစ်ခုဖြစ်တဲ့ Dhcploc.exe နဲ့

စစ်ဆေးလို့ရပါတယ်။ အဲဒါနဲ့ Check လုပ်ကြည့်လို့ Compete ဖြစ်နေတဲ့ DHCP Server ကို တွေ့တဲ့အခါကျရင် Remove

လုပ်လိုက်ပေါ့။ ဒါဆိုရင် အဆင်ပြေနိုင်ပါတယ်။

အဲ..DHCP Scope Change ပြီးမှဖြစ်တာဆိုရင်တော့ Conflict Error တက်နေတဲ့ Client ဘက်မှာ IP Address ကို

Renew ပြန်လုပ်ကြည့်ပေါ့။ Renew လုပ်တာကတော့ လွယ်ပါတယ်။ Command Prompt ထဲမှာ

"ipconfig /renew"ဆိုပြီး Run ပေးလိုက်ပါ။

[You must be registered and logged in to see this image.]

(၃) DHCP Address မရရှိခြင်း

သင် Connection မရလို့ ipwnfig /all ခေါ်ကြည့်လိုက်တဲ့အခါ DHCP ကနေ IP မရဘဲ APIPA (သို့) Alternate

Configuration ကဟာပဲ ရနေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ Command Prompt ထဲမှာ "ipconfig / renew"

ပြန်လုပ်ရင်လုပ် (သို့မဟုတ်) Connection Status ရဲ့ Repair Button ကိုနှိပ်ပြီး Repair ပြန်လုပ်ကြည့်ပါ။

[You must be registered and logged in to see this image.]

ဒီလိုလုပ်တာလဲပြန်မကောင်းဘူးဆိုရင်တော့ DHCP Server ရယ်၊ Scope ရယ်ကို စစ်ဆေးကြည့်ရပါတော့မယ်။ Server

ထဲမှာသင်ချထားတဲ့ Configuration တွေမှန်ကန်ရဲ့လား စစ်ဆေးပါ။ ဘာတွေစစ်တာလဲလို့မေးရင်တော့ Server ကို Fully

Installed မှ လုပ်ထားရဲ့လား၊ သေချာ Configure ချထားလား၊ Scope ဆောက်ထားရဲ့လား၊ Authorized

ကောလုပ်ထားရဲ့လားစတာတွေပေါ့။

တကယ်လို့ Scope ကို စစ်ဆေးမယ်ဆိုရင်တော့ Scope က Active ဖြစ်ရဲ့လား၊ Scope ထဲက Liease တွေကို Assig

ချပေးထားတာရော မှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးရပါမယ်။

(၄) တခြား Scope က Address ရနေခြင်း

DHCP ကနေ IP Address က ရတော့ရနေပါရဲ့။ သို့သော် ကိုယ်ကျစေချင်တဲ့ Scope ကမကျဘဲ၊ တစ်ခြား Scope

ကနေကျနေတယ်လား။ ဒါဆိုရင် အရင်ဆုံးစစ်ဆေးသင့်တာကတော့ Network ထဲမှာ Compete ဖြစ်နေတဲ့ Server

တွေများရှိသလားစစ်ဆေးရမှာပါပဲ။ ဒါဆို စစ်ချင်ရင်တော့ (၂)အချက်တုန်းက ကျွန်တော်ပြောခဲ့သလို Dhcploc.exe

နဲ့သာစစ်ကြည့်ပါ။ ရှိရင်တော့ Remove လုပ်ပစ်ပေါ့လေ။

ကဲ....မရှိဘူးဗျာဆိုရင်တော့ရှိသမျှ DHCP Server အားလုံးထဲက Scope တွေများထပ်နေသလား ကြည့်ကြည့်ပါတော့။

ဟုတ်ပါပြီခင်ဗျာ။ ဒီအချက်ကတော့ DHCP Server ကို Troubleshoot လုပ်တဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
Back to top Go down
http://aungkyaw1994.freeforums.biz
 
DHCP ပြဿနာများ
Back to top 
Page 1 of 1
 Similar topics
-
» Command Line မှတစ်ဆင့် DHCP ကို Install လုပ်ခြင်း

Permissions in this forum:You cannot reply to topics in this forum
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ :: It နည်းပညာနဲ့ပက်သက်တာလေးတွေပါ :: Network အကြောင်း-
Jump to: