သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
မင်္ဂလာပါ သယ်ချင်တို့ရေ register မလုပ်ရသေးဘူးဆိုရင် register ကို နှိပ်ပြီး
form ဖြည့်လိုက်နော် အဲ register လုပ်ပြီးပြီဆိုရင် login ကို နှိပ်ပြီး ၀င်လိုက်ပါ
လာလည်တဲ့ အတွက်ကျေးကျေးနော်
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ
Would you like to react to this message? Create an account in a few clicks or log in to continue.

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ

ကျွန်တော့်ဖိုရမ် address လေးမေ့သွားခဲ့ရင် google မှာ အောင်ကျော်နှင့်သူငယ်ချင်းများ လို့ရိုက်ထည့်လိုက်ပါ
 
HomePortalGallerySearchLatest imagesRegisterLog in

 

 သူငယ်ချင်းကောင်း

Go down 
AuthorMessage
nyeinko




Posts : 68
ရမှတ် : 447
Join date : 2011-07-31
Age : 29
နေရပ် : pathein

သူငယ်ချင်းကောင်း Empty
PostSubject: သူငယ်ချင်းကောင်း   သူငယ်ချင်းကောင်း Icon_minitimeSun Jul 31, 2011 9:36 pm

သူငယ်ချင်း



မင်းအားငယ်နေလား...ဝမ်းနည်းနေလား...

စိတ်ညစ် အားငယ်မှုဆိုတာ လူတိုင်းကြုံတွေ့ ခဲ့ကြပေမဲ့

အားလုံးနီးပါးက အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ကြပါတယ်.....။

သူငယ်ချင်း

တို့ တွေ ....အခြေခံ မတူတဲ့ ဘဝတွေမှာ ကြီးပြင်းလာပြီး

ရေမြေမတူတဲ့ ဒေသ တစ်ခုဆီမှာ အခြေအနေ အမျိုးမျိုးနဲ့ နေထိုင်ကြရင်း

ဘဝတွေက မတူကြဘူးနော်....။

တူညီတာ တစ်ခုက....မျက်နှာကျက် ဖြူဖြူအောက်က

အိုနွမ်းနေတဲ့ ဆေးရုံ ကုတင် တစ်ခုဆီမှာ

ကိုယ့်အလှည့်ရောက်လာမဲ့ တစ်နေ့ ကို သတ္တိရှိစွာစောင့်ရင်းလေ.....

အဆိုးဆုံးဆိုတဲ့ အခြေအနေကိုတောင် အကြိမ်ကြိမ် ကြုံလာခဲ့ပြီးမှတော့

ကြေကွဲအားငယ်မှုဆိုတာ မပြောပ လောက်ဘူးလို့  ရင်ထဲ

မှတ်လိုက်ကြရအောင်နော်.........။

ပျော်ရွှင်မှု တစ်ချို့ ကို ကုတ်ကပ် တက်မက်စွာ ရှာဖွေရင်း

ဝမ်းနည်းမှု တစ်ချို့ ကို တူးဆွ မြေမြုပ်ပြစ်လိုက်ကြရအောင်...........။

ငါ့စိတ်တွေ ကြေကွဲအားငယ်နေချိန်မှာ

မင်းရဲ့  တစ်ပိုင်း တစ်စ ပျက်လုံးတစ်ချို့ ကြောင့် ပြုံးခဲ့ဖူးတယ်....။

ခုချိန်မှာ မင်းပြုံးအောင် ငါ မစွမ်းဆောင်နိုင်ပေမဲ့

ဒဏ်ရာသက်သာတဲ့ဆေးတစ်ချို့ တော့ ပေးချင်ပါတယ်ကွာ.................။

ငါဟာ မင်းအတွက် အကောင်းဆုံး သမားတော် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်....။

ဒါပေမဲ့ စေတနာ အပြည့်နဲ့  တိုက်ကျွေးမှာမို့ 

ငါ တိုက်တဲ့ ဆေးကို ယုံယုံကြည်ကြည် သောက်လိုက်ပါကွာ။

ငါမင်းကို အမြဲတမ်းပြောနေကြစကားလေးကို မှတ်မိလား..........?


သူငယ်ချင်း

မင်း ငိုကြွေးချင်တဲ့ စိတ်နဲ့ တစ်ယောက်ထဲ ငိုကြွေးနေမိရင် ငါ့ကို လှမ်းခေါ်လိုက်ပါ........။

ငါ.....မင်းကို ရယ်မော ပျော်ရွှင်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ကတိမပေးနိုင်ပါဘူး......။

ဒါပေမဲ့ မင်းနဲ့  အတူ လိုက်ပြီး ငိုကြွေး နိုင်ပါတယ်.....။


သူငယ်ချင်း

မင်း စိတ်တွေ မွန်းကြပ်နေလို့ 

လူတွေနဲ့  ဝေးရာကိုပြေးထွက်ချင်တယ်ဆိုရင်လေ...

ငါ့ကို ခေါ်ဖို့  မကြောက်ရွံ့ ပါနဲ့ .....

သတ္တိရှိရှိသာ ခေါ်လိုက်ပါနော်.........။

ငါ မင်းရဲ့  ပြေးနေတဲ့ ခြေလှမ်းတွေကို

ရပ်တန့် သွားအောင် မတားမြစ်ပါဘူး....။

မင်းပြေးချင်တဲ့ အရပ်ကို မင်းနဲ့  အတူ

လိုက်ပြေးပြီး မင်းကို အဖော်လုပ်ပြီး ပြေးပေးမယ်လေ.....။


သူငယ်ချင်း

မင်းဟာ ဘယ်သူပြောတာကိုမှ

နားထောင်နိုင်စွမ်း မရှိတော့လောက်အောင်

မင်းရဲ့ စိတ်တွေ ညစ်ညူး မွန်းကြပ်နေဆိုရင်လေ..

ငါ့ကို ခေါ်ဖို့ မမေ့ပါနဲ့ ....... ငါ ကတိပေးပါတယ်........

မင်းမကြားချင်တဲ့ စကားတွေ တစ်ခွန်းကိုမှ ငါ မဆိုပါဘူး.......။

ငါ ငြိမ်သက်စွာနဲ့  မင်းဘေးမှာ မင်းနဲ့ အတူ ရှိနေပေးမှာပါ....။

သူငယ်ချင်း

မင်းတစ်ယောက်ထဲ အမှောင်ထဲမှာ ဒူးပိုက်ပြီး ကြိတ်မငိုနေပါနဲ့ ......

မင်းနဲ့ အတူ လိုက်ငိုကြွေးဖို့  ပြင်ဆင်နေတဲ့ သူငယ်ချင်းတွေဆီရင်ဖွင့်လိုက်ပါ....။

သူတို့ တွေ.... မင်းပျော်ရွှင်အောင် တစ်ခုခုတော့ လုပ်ပေးကြမှာပါ....။

မင်းနဲ့ အတူ အခက်အခဲတွေကို တူတူရင်ဆိုင်မဲ့

သူငယ်ချင်းတွေ မင်းမှာအများကြီး ရှိပါတယ်ကွာ...။

ဒါကို ငါတစ်ယောက်ထဲလို့ တွေးပြီး အားငယ်နေတဲ့ မင်းရဲ့  အတွေးကို

ဟိုးးးးးးးးးးးးးးးးအဝေးကြီးကို စွန့် လိုက်ပါတော့နော်......။

ငါလေ..................စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်

ဒီကမ္ဘာမှာ ဝမ်းနည်းနေသူ တစ်ယောက်မှ မရှိအောင်ကို စွမ်းဆောင်ချင်ပါတယ်ကွာ.....။

ကြေကွဲအားငယ် ဝမ်းနည်းမှုတွေ မရှိရင် တို့  ကမ္ဘာဟာ

ပိုမိုလှပလာလိမ့်မယ်နော်...။

ဒီတော့ ကမ္ဘာကြီး လှပလာအောင် တစ်ယောက်ချင်းဆီကနေကြိုးစားကြတာပေါ့.....။

မင်းဆီမှာ ရှိတဲ့ ကြေကွဲ ဝမ်းနည်းမှုတွေကို အရင်ဆုံး စံပြ အနေနဲ့ စွန့်ပြ လိုက်စမ်းပါကွာ...။

Back to top Go down
 
သူငယ်ချင်းကောင်း
Back to top 
Page 1 of 1
 Similar topics
-
» သူငယ်ချင်းအချစ်
» သူငယ်ချင်းသံယောဇဉ်
» သူငယ်ချင်းတို့ သိစေဖို့..........................
» သူငယ်ချင်းချစ်သူ
» သူငယ်ချင်းတို့ရဲ့ software လေးတွေက crack file တွေဒေါင်းဖို့ဆိုဒ်လေးတစ်ခု

Permissions in this forum:You cannot reply to topics in this forum
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ :: ကဗျာရေးမယ် :: ရင်တွင်းခံစားကဗျာများ-
Jump to: