၎င်း DMZ Network ကတော့ Network တစ်ခုပဲ ဖြစ်ပါတယ်။ မလောသွားပါနဲ့ဦးနော်။ သင့်ကို ၎င်း DMZ Network
ဆိုတာ ဘယ်နေရာမှာ အသုံးပြုသလဲဆိုတာ ပြောပြပါ့မယ်။ ၎င်း Network ကတော့ သင့်ရဲ့ Private Network နဲ့ ပြင်ပ
(Public Network) အကြားမှာ သီးခြား Class တစ်ခုအနေနဲ့ ရပ်တည်နေတာကို ပြောတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ၎င်း
DMZ Network ရဲ့ထူးခြားချက်ကတော့ ရှိပါတယ်။ ဘာလဲဆိုတော့ ၎င်း Network အတွင်းထဲမှာ သင့်ရဲ့ Network
အတွင်းထဲမှာရှိတဲ့ Users တွေအတွက်ကော၊ ပြင်ပ Network မှာရှိတဲ့ Users တွေကပါ ၀င်ရောက်သုံးစွဲနိုင်လောက်တဲ့
Servers တွေကြီးပဲ သိမ်းဆည်းထားလို့ ဖြစ်ပါတယ်။ ဟုတ်ပါတယ် ၎င်း DMZ Networks အတွင်းထဲမှာ Web Server ၊
FTP Server ၊ Authentication Server ၊ DNS ဆိုတဲ့ Naming Server တွေ၊ DHCP Server ၊ VPN Server အစရှိသဖြင့်
Server တွေချည်းပဲ တစ်စုတစ်ဝေးတည်းပေါင်းစပ်ထားတာကို DMZ Network လို့ ခေါ်ဆိုနိုင်ပါတယ်။ အဲဒီတော့ ၎င်း DMZ
Network ထဲမှာပါဝင်တဲ့ (Resources) တွေကို သင့်ရဲ့ Network ထဲမှာပါဝင်တဲ့ Users တွေအပြင်၊ ပြင်ပ Networks
မှာရှိနေကြတဲ့ Users တွေကလည်း ၀င်ရောက်သုံးစွဲနိုင်ပါတယ်။ ဒီလိုမျိုးပြင်ပ Networks ကနေမှ တစ်ဆင့်ဝင်ရောက်လာတဲ့
Traffic တွေနဲ့၊ Users တွေကို ကန့်သတ်ထားဖို့ရန်အတွက်လည်း Authentication Server တွေ၊ VPN Server တွေလည်း
DMZ Network အတွင်းထဲမှာ ပါဝင်ပါတယ်။ ကဲ....ဒီတော့ အောက်ကပုံမှာ ၎င်း DMZ Network ကို
ဘယ်လိုမျိုးတည်ဆောက်သလဲဆိုတာ ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ကြပါ။
[You must be registered and logged in to see this image.]အပေါ်မှာပါဝင်တဲ့ Diagram သည် အလွန်တရာ ရိုးစင်းလှတဲ့ DMZ Network ပုံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်
DMZ Network ကို တစ်ခုထက်မကတည်ဆောက်နိုင်ပါသေးတယ်။ ၎င်း DMZ Networks တွေကိုမှ Firewall ကို
အသုံးပြုပြီး ကာကွယ်ပေးထားမယ်ဆိုပါက Multitiered Firewall with a DMZ Network ကို ခေါ်ဆိုနိုင်ပါတယ်။
၎င်းကိုလည်း ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ပေးပါ။
[You must be registered and logged in to see this image.]ကဲ....ဒါဆိုအပေါ်မှာ ဖော်ပြပေးခဲ့သော DMZ Network အကြောင်းအရာတွေနဲ့ ပုံတွေကို ရှင်းပြပေးထားတယ်ဆိုရင်
သင်လည်း နားလည်သဘောပေါက်သွားပါပြီ။ ကဲ..ဒီတော့ ၎င်း DMZ Network ဆိုတာသည် သင့်ရဲ့ Network နဲ့ Public
Network နှစ်ခုအကြား Class တစ်ခုအနေနဲ့တည်ဆောက်ပြီး Servers တွေချည်းပဲ တစ်စုတစ်ဝေးတည်းထားရှိတာကို DMZ
Network လို့ ခေါ်ဆိုနိုင်ပါတယ်။