ဒီနည်းလေးက အရမ်းမိုက်ပါတယ် ကျွန်တော်တို့ မေးအကောင့်မှာ inbox ကိုနှိပ်လိုက်ရင်
မျက်စိနောက်စရာပါ ဧဒင်က ၀င်လိုက် ၊ ချစ်သူမြို့တော်က ၀င်လိုက် ၊ အခြား ကို ၀င်ထားတဲ့ ဆိုဒ်တွေ
က မေးတွေက စုပုံနေပါတယ် ။ အဲဒါလေးတွေ ကို inbox အောက်မှာ နာမည်လေးတွေနဲ့ မှတ်ရင်
ပိုပြီး ကြည့်လို့ ကောင်းသွားမှာပေါ့
1. အရင်ဆုံး မေးကို ဖွင့်လိုက်ပါ။
2. ဥပမာ ဧဒင်က မေးတွေကို စုထားချင်တယ် ဆိုရင်တော့ ဧဒင်က ပေးပို့တဲ့ မေးတစ်စောင်ကို ဖွင့်လိုက်ပါ
3. အဲ အောက်မှာ more ဆိုတဲ့ မြှားလေးကို နှိပ်လိုက် filter messages like these ဆိုတာလေးကို နှိပ်လိုက်ပါ
4.ပြီးရင်တော့ next step ကို click လိုက်ဗျာ
5.အဲဒါဆိုရင် skip the inbox (archive it) , make as read , Apply the label ဆိုတာလေးကို အမှတ်ပေးလိုက်ပါ
6.Apply the label လေးကို အမှတ်ပေးပြီးရင် သူ့ညာဘက်က မြှားလေးကို နှိပ်လိုက်ပါ ပြီးရင် new label ကို နှိပ်
အဲမှာ box လေးပေါ်လာရင် အဲဒီဘောက်လေးမှာ နာမည်ထည့်ရမှာပါ ကျွန်တော်က ဧဒင်က မေးတွေကို စုမှာ ဆိုတဲ့ အတွက်
ဧဒင်ဥယျာဉ် လို့ ရေးလိုက်နော် ပြီးတော့ create ကို နှိပ်တယ်ဗျာ ဘာဖြစ်ချင်လဲပြော
7.ကဲ နောက်တစ်ဆင့်ပဲကျန်တော့တယ် အားတင်းထား အဲဒါကတော့ create filter
ရဲ့ညာဘက်မှာ ရှိတဲ့ Also apply filter to --- conversation below ကို အမှတ်ပေး ပြီးရင်တော့
Create filter ကို နှိပ်လိုက် ခဏစောင့် အဲဒါဆိုရင်တော့ ပြီးပြိ......................
Inbox ရဲ့ အောက်မှာ ခုနက ရေးခဲ့တဲ့ ဧဒင်ဥယျာဉ် ဆိုတာလေးကို တွေ့သွားပြီပေါ့ အဲဒါလေးကို နှိပ်မယ်ဆိုရင်
ဧဒင်က ပို့သမျှမေးတွေကို တွေ့ပြီလေ..... လွယ်လွယ်လေး